ဟောင်ကောင် ခေါင်းဆောင်သစ် လွတ်လပ်ရေးလှုပ်ရှားမှု ဆန့်ကျင်
ဟောင်ကောင် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရသူ Carrie Lam ကယ်ရီ လန်းမ် ကကိုယ်ပိုင်လွတ်လပ်ရေး လှုပ်ရှားမှုတွေအတွက် သူတို့ဟောင်ကောင်ကျွန်းမှာနေရာမရှိကြောင်းနဲ့ လာမယ့် ငါးနှစ်အတွင်း စီးပွားရေးတိုးတက်အောင်လုပ်ဆောင်ဖို့အတွက် ဗဟိုအစိုးရရဲ့ အကူအညီ ရယူဖို့လိုကြောင်း မနေ့ကပြောကြားလိုက်ပါတယ်။
တရုတ်ပြည်မကြီးမှာရှိတဲ့ ဗဟိုအစိုးရက ၁၉၉၇ ခုနှစ်မှာ သူတို့လက်အောက်ကိုဗြိတိသျတွေ ပြန်လွှဲအပ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းမှာ လွတ်လပ်ရေးလှုပ်ရှားမှုတွေပေါ်ပေါက်မှာကို အထူးစိုးရိမ်နေပါတယ်။
ကယ်ရီ လန်းမ် ဟာ တရုတ်အစိုးရသြဇာခံအဖွဲ့ဝင် ၁၂ဝဝ ပါဝင်တဲ့ ရွေးချယ်ရေးကော်မတီက တင်မြှောက်လိုက်တဲ့ ဟောင်ကောင်
အထူးအုပ်ချုပ်ခွင့်ရဒေသရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်ပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment