Latest News

Saturday, April 29, 2017

နမ့်စန်မြို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်သဖြင့် အိမ်ခြေပေါင်း ၁၀၀ ကျော် ပျက်စီး

နမ့်စန်မြို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်သဖြင့် အိမ်ခြေပေါင်း ၁၀၀ ကျော် ပျက်စီး

ရှမ်းပြည် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် အရှေ့ဘက် မိုးနဲသွားလမ်းရှိ ၁၂ မိုင်အကွာ၌ ရှိသော ဟိုက်ဖတ်ကျေးရွာတွင် ယနေ့ (ဧပြီ ၂၉ ရက်) နေ့လည် ၂ နာရီ အချိန်က တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ရွာရှိ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့သည့်အနက် အိမ်ခြေ ၇၀ ခန့်သည် ဆိုးရွားစွာ ပျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ ဆိုးရွားစွာ ပျက်ဆီးခဲ့သည့် အိမ်ခြေ ၇၀ မှာ နောင်ဖာရွာတွင် အိမ်ခြေ ၁၅ အိမ်၊ ခုတ်လောင်းတွင် ၅ အိမ်၊ ဟိုက်ဖတ်ရွာမတွင် ၂၇ အိမ်၊ နောင်ဗိန်တွင် ၂၃ အိမ်ဖြစ်ပြီး သွပ်ချပ်ရေ ၄၂၀၀ ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။

“နမ့်စန်မြို့ကနေ အရှေ့ဘက် ၁၂ မိုင်လောက် သွားရတဲ့ မိုးနဲသွားလမ်းပေါ်မှာ ရှိတဲ့ ဟိုက်ဖတ်ဆိုတဲ့ ရွာမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ အိမ်ခြေပေါင်းများစွာ ပျက်စီးကုန်တယ်၊ မိုးနဲ့ လေနဲ့ ကြမ်းသွားလို့ ပျက်ကုန်တာ၊ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ကုန်တယ်၊ အဆောက်အဦးတွေ၊ ဘုရားရှစ်ခိုးကျောင်းတွေ၊ နွားတင်းကုပ်တွေ လူနေအိမ်တွေ ပျက်စီးကုန်တယ်၊ လူသူ အထိအခိုက်တော့ မသိရသေးပါဘူး၊ အခုမှ လိုက်လံ ကြည့်ရှုနေတုန်းပဲ ဖြစ်တယ်၊ လူသူ ထိခိုက်တာတော့ မကြားမိသေးဘူး၊ အိမ်တွေ သွပ်မိုးတွေ လန်ကုန်တယ်၊ တချို့အိမ်တွေ တော်တော် ပျက်စီးကုန်တယ်” ဟု နမ့်စန်မြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးနေဇော်နိုင်က ပြောကြားသည်။

ဟိုက်ဖတ်ကျေးရွာအုပ်စုတွင် ရွာရှိ အိမ်ခြေ ၃၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး၊ လူသူထိခိုက်မှု မရှိသေးကြောင်း ကနဦး သတင်းရရှိသည်။

နမ့်စန်မြို့၌ သင်္ကြန်ကာလတွင် မိုးကြီးသဖြင့် အိမ်ခြေ အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment