Latest News

Sunday, April 23, 2017

အမေရိကန်လေယာဉ်တင်သင်္ဘောများကို ပစ်ချနစ်မြှုပ်ပစ်ရန် အဆင်သင့်ဟု မြောက်ကိုရီးယားပြော

အမေရိကန်လေယာဉ်တင်သင်္ဘောများကို ပစ်ချနစ်မြှုပ်ပစ်ရန် အဆင်သင့်ဟု မြောက်ကိုရီးယားပြော

အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာ အမေရိကန်လေယာဉ်တင်သင်္ဘော အုပ်စုနဲ့ လေ့ကျင့်ဖို့အတွက် ဂျပန်သဘောင်္နှစ်စီး လာရောက်ပူးပေါင်းခဲ့တဲ့အပေါ် မြောက်ကိုရီးယားက အမေရိကန်သင်္ဘောကြီးတွေကို နစ်မြှုပ်ပစ်ဖို့ သူ့ရဲ့စစ်တပ်က အဆင့်သင့်ဖြစ်နေကြောင်း ဧပြီ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ အမေရိကန်နဲ့ သူ့ရဲ့အာရှ မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေကြောင့် တင်းမာမှု မြင့်မားလာပြီးနောက် တုံ့ပြန်တဲ့အနေနဲ့ ကိုရီးယားကျွန်းဆွယ်ထဲကို အမေရိကန် ယူအက်စ်အက်စ် လေယာဉ်တင် သင်္ဘောတွေသွားဖို့ အမေရိကန်သမ္မတ ထရမ့်က အမိန့်ပေးခဲ့တာပါ။

သင်္ဘောတွေ ကျွန်းဆွယ်ရဲ့ ဘယ်နေရာကို ချဉ်းကပ်တယ်လို့ အမေရိကန်က အတိအကျ မညွှန်းဆိုထားပဲ “ရက်အနည်းငယ်အတွင်း” ရောက်နိုင်တယ်လို့ အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က ဧပြီလ ၂၂ ရက်နေ့က ပြောလိုက်ပြီး အသေးစိတ်ကိုတော့ ပြောသွားခြင်းမရှိပါဘူး။

မြောက်ကိုရီးယားဘက်ကလည်း ဒါကို ဆက်လက် ဖီဆန်လိုက်ပြီး “ကျုပ်တို့ရဲ့တော်လှန်ရေးတပ်တွေက အမေရိကန် နျူကလီးယားလေယာဉ်တင် သင်္ဘောကြီးတွေကို တစ်ချက်တည်းနဲ့ ပစ်ချဖို့ အဆင့်သင့်ပဲ” လို့ မြောက်ကိုရီးယားအုပ်ချုပ်သူ အလုပ်သမားပါတီရဲ့ သတင်းစာ ရိုဒုန်ဆင်မန်းရဲ့ ရှင်းလင်းချက်မှာ ပြောခဲ့တာပါ။

မြောက်ကိုရီးယားက ဧပြီလ ၂၅ ရက်နေ့မှာ ကိုရီးယားလူထု တပ်မတော် ဖွဲ့စည်းခြင်း ၈၅ နှစ်မြောက် အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ အရေးကြီး အထိမ်းအမှတ်နေ့တွေမှာလို လက်နက်စမ်းသပ်မှုတွေလည်း ပါဝင်မယ်လို့ သုံးသပ်နေကြပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်စမ်းသပ်မှု ငါးကြိမ် လုပ်ဆောင်ပြီးဖြစ်ပြီး အဲ့ဒီအထဲက စမ်းသပ်မှုနှစ်ခုကို ပြီးခဲ့တဲ့နှစ်က လုပ်ဆောင်ခဲ့တာပါ။ အမေရိကန်နိုင်ငံအထိ ရောက်နိုင်တဲ့ နျူကလီးယားထိပ်ဖူးပါ ဒုံးကျည်တွေကို အဆင့်မြင့် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တဲ့အနေနဲ့ ဘယ်လက်စတစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေကိုလည်း လုပ်ဆောင်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဗွီဘီ

No comments:

Post a Comment