Latest News

Thursday, April 27, 2017

ပြည်ခရိုင် ဥပဒေရုံး ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ

ပြည်ခရိုင် ဥပဒေရုံး ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ

ပြည် ဧပြီ ၂၇

ပြည်ခရိုင် ဥပဒေရုံး ဝန်ထမ်းအိမ်ရာအဆောက် အအုံသစ်ဖွင့်ပွဲနှင့်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ပြည်မြို့ရတနာမာန် အောင် ကွက်သစ်၊ ရတနာမာန်အောင်လမ်းရှိ အဆိုပါအဆောက် အအုံသစ်ရှေ့၌ ဧပြီ ၂၇ ရက် နံနက် ၇ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဥပဒေအရာရှိချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် တိုင်းဥပဒေအရာရှိ ဦးအုန်းသန်းတို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်နှင့် တိုင်းဥပဒေအရာရှိတို့က အမှာစကားများ ပြောကြားကာ ပြည်ခရိုင် ဥပဒေအရာရှိ ဒေါ်ခင်မြသီက အခမ်းအနားတက်ရောက်လာကြသူများအား ကျေးဇူးတင် စကားပြောကြားပြီး တာဝန်ရှိသူများကို ဖွင့်ပွဲအထိမ်းအမှတ်အလံ များ ပေးအပ်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment