ကမ္ဘာစစ်စတင်ရာရောက်စေမည့် မြောက်ကိုရီးယား၏ ၆-ကြိမ်မြောက် ညူကလီယာဗုံး စမ်းသပ်ဖောက်ခွဲရန် အသင့်ဖြစ်နေ
အမေရိကန် လေယာဉ်တင်သင်္ဘောကိုရီးယားကျွန်းဆွယ်သို့ရောက်လာခဲ့လျှင် ညူလက်နက် ဖောက်ခွဲမည်။ ညူကလီယာဗုံး ၃-လုံးတည်းဖြင့် ကမ္ဘာကြီးတစ်ခုလုံးပျက်သုန်းရန် လုံလောက်ဟု ကင်ဂျုံအန်အသိပေး။ မောက်မာလွန်းသော အမေရိကန်အား ကမ္ဘာ့ကြီးပေါ်မှ ဖယ်ရှားပစ်မည်ဟု မြောက်ကိုရီးယားခြိမ်း ခြောက်။ အမေရိကန်၏ ဇီဝဓါတုလက် နက် “ ဂျူပီတာစစ်ဆင်ရေး “။ အမေရိကန်နှင့်ပူးပေါင်းမည်ဆိုသည့် သြစတေးလျှ ညူလက်ချက်မိလိမ့်မည်။ ***********************************************************
( ဧပြီ-၂၃၊ ၂၀၁၇ ) ပန်ဂျီယီရွာအနီး ညူကလီယာစမ်းသပ်ဖောက်ခွဲရန် မြောက်ကိုရီးယားက ပြင်ဆင်လျှက်ရှိ ကြောင်း ထောက်လှန်းရေးသတင်းဓါတ်ပုံများတွင်ဖော်ပြလျှက်ရှိသည်ဟု ကျွန်းကျင်သူများအဆိုကို ကိုးကားလျှက် သည်စတားသတင်းဌာနက ယနေ့ရေးသားသည်။
ယခင်ရက်များအတွင်း ထောက်လှမ်းရရှိခဲ့သည့် ပန်ဂျီယီရွာအနီး ညူကလီယာစခန်းမှာ ကင်ဂျုံအီ၏ဘောလီဘောကစားကွင်းဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပုံဖျက်ထားသည့် အဆိုပါစခန်းမှလာမည့် ဧပြီ ၂၅-ရက်နေ့တွင် ညူကလီယာစမ်းသပ်ဖွယ်ရှိသည်။ ဒေါ်နယ်ထရန့်စေလွှတ်လိုက်သည့် အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန်သည် လာမည့်ရက်အနည်းငယ်အတွင်း ကိုရီးယားကျွန်းဆွယ်အနီး ရောက်ရှိလာမည်ဖြစ်ပြီး၊ ထိုအချက်သည်ပင် မြောက်ကိုရီးယားအား ညူလက်နက်ဖောက်ခွဲ ရန်စမှု့ဖြစ်လာနိုင်သည်။
အမေရိကန်ကျူးကျော်မှု့အား လက်တုန့်ပြန်မည်ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံးပျက်သန်းစေမည့် မြောက်ကိုရီးယား၏ ညူကလီယာအစီအစဉ်များအသင့်ဖြစ်နေပြီဖြစ်ကြောင်း ဥရောပနိုင်ငံများသို့သတိပေးလိုက်သည်ဟု ကင်ဂျုံအန်၏ အနောက်နိုင်ငံများဆိုင်ရာ တရားဝင်မဟုတ်သော သံအမတ်ကပြောကြားလိုက်သည်။
မြောက်ကိုရီးယား၏ ပြည်ပနိုင်ငံများနှင့်ယဉ်ကျေးမှု့ဆိုင်ရာဆက်ဆံရေးသံအမတ်ဖြစ်သူ အသက် ၄၃-နှစ်အ ရွယ် စပိန်ဇာတိ အလက်ဇန်ဒရိုကော့ဒီဘင်နိုကပြောကြားရာတွင် ကင်ဂျုံအန်ချစ်မြတ်နိုးသော အဖနိုင်ငံတော်အား မည်သူ တစ်ဦးတစ်ယောက်မှ တို့ထိမရနိုင်ကြောင်း၊ ဖောက်ပြန်သော အမေရိကန်ကျူးကျော်မှု့သည် ညူကလီယာစစ်ပွဲသို့ ဦးတည်သွားစေပြီး မျက်မှောက်ကမ္ဘာကြီးအား အလုံးစုံပျက်သုန်းစေရန် ညူကလီယာဗုံး ၃-လုံးတည်းဖြင့် လုံလောက်ကြောင်း သတိပေးလိုက်သည်။
ရုရှားနှင့်တပ်များ မြောက်ကိုရီးယားနယ်စပ်သို့ အင်အားအလုံးအရင်းဖြင့်ရွှေ့ပြောင်းချထားလျှက်ရှိသည်ဆိုခြင်း မှာ မမှန်ကြောင်း ရုရှားနိုင်ငံက ငြင်းဆိုသည်။
ဇီဝဓါတုလက်နက်ဖြင့်တိုက်ခိုက်မည်ဖြစ်ကြောင်း အမေရိကန်ပြောကြားပြီးနောက် ၊ မောက်မာဗိုလ်ကျလွန်းသော အမေရိကန်ပြည်ထောင်စုအား ကမ္ဘာကြီးပေါ်မှ ဖယ်ရှားပစ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ခြိမ်းခြောက်လိုက်သည်။
ဆီးရီးယား-အီရန်-မြောက်ကိုရီးယားတို့ကို ၀င်ရိုးတန်းမိစ္ဆာနိုင်ငံများအဖြစ်ရည်ညွှန်းခြင်းကို တုန့်ပြန်သောအား ဖြင့် အမေရိကန်အား မကောင်းဆိုးဝါးအင်ပါယာအဖြစ်ခေါ်ဝေါ်လိုက်ပြီး မကြုံစဖူးဘေးဒုက္ခသယ်များအဖြစ် သက်ဆင်းလို၍ ဇာတ်ကွက်ဆင်နေခြင်းဖြစ်သည်ဟု စွပ်စွဲလိုက်သည်။
ယခုတစ်လောထွက်ပေါ်နေသောသတင်းများတွင် စစ်ရာဇ၀တ်မှု့မြောက်သော ဇီဝဓါတုလက်နက်များဖြင့် မြောက်ကိုရီးယားအား သိက္ခာကင်းမဲ့စွာတိုက်ခိုက်ရန် အမေရိကန်က တောင်ကိုရီးယားနိုင်ငံသို့ ဓါတုပစ္စည်းများ တင်ပို့နေသည်ဟု တီးတိုးသတင်းများရရှိခဲ့ကြောင်း အမ်အက်စ်အန်မီဒီယာက ဆက်လက်ဖော်ပြသည်။ မြောက်ကိုရီးယားခေါင်းဆောင်အားဖယ်ရှားရန် ဇီဝဓါတုလက်နက်ဖြင့်တိုက်ခိုက်မည့် အမေရိကန်၏ “ဂျူပီတာစစ်ဆင် ရေး” သတင်းမှာ ယခင်နှစ်များကတည်းကထွက်ပေါ်ခဲ့ဘူးသည်။
မြောက်ကိုရီးယားသည် ၁၉၉၃-ခုနှစ် ဓါတု လက် နက်များမပြန့်ပွားရေး အပြည်ပြည်ဆိုင်ရာညီလာခံသဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသော နိုင်ငံ ၆-နိုင်ငံအနက် ၁-နိုင်ငံဖြစ်ပြီး၊ ၂၀၁၅-ခုနှစ်တွင် လက်နက်အဖြစ်အသုံးပြုနိုင်သော ဓါတုပစ္စည်း ၂’၅၀၀ မှ ၃’၀၀၀ အထိရှိနိုင်ကြောင်း သိရှိရသည်။
အလားတူပင် သြစတေးလျှနိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့်ပူးပေါင်းရန် ဆင်ကန်းတောတိုး ပူးပေါင်းလာခဲ့ လျှင် ညူလက်နက်ဖြင့်တိုက်ခိုက်ခံရလိမ့်မည်ဟု မြောက်ကိုးရီးယားခြိမ်းခြောက်လိုက်ကြောင်း ယနေ့ထုတ် သည်ဂါးဒီးယန်းကဖော်ပြလိုက်သည်။
https://amp.theguardian.com/world/2017/apr/23/north-korea-warns-australia-of--nuclear-strike-julie-bishop-mike-pence
http://www.msn.com/en-gb/news/world/north-korea-warns-it-will-wipe-america-off-face-of-the-earth-after-accusing-us-of-plotting-chemical-weapons-attack/ar-BBAa06X?li=BBoPWjQ
http://www.dailystar.co.uk/news/latest-news/608034/north-korea-nuclear-missile-world-war-3-usa-trump-kim-jong-un-pyongyang
http://www.news.com.au/world/asia/north-korea-threatens-australia-with-nuclear-strike-over-us-allegiance/news-story/fa28ccb9eaaff6c02f5c12bdc19bc227
Photo: As per Links
Htay Oung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment