မြောက်ကိုရီယား အေးဂျင့်များ လက်ချက်ဖြင့် မြန်မာတရားသူကြီးတဦး၏ သမီး ဖြစ်သူ တိုကျိုတွင် အသတ်ခံခဲ့ရ
တောင်ကိုရီယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီနေ့ အများပြည်သူ ကြည့်ရှု့နိုင်ရန် ထိတ်တန်းလျို့ဝှက်အဆင့်မှ လျော့ချပေးခဲ့သည့် စာရွက်စာတမ်းများအရ ၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးခွဲမှု တွင် ပြစ်မှု ကျူးလွန်ခဲ့သော မြောက်ကိုရီယား အေးဂျင့်များအား အပြစ်ဒဏ် ချမှတ်ခဲ့သည့် မြန်မာတရားသူကြီး၏ သမီးအား နောက်ပိုင်း ၂ နှစ်အကြာ ၁၉၈၅ တွင် ဂျပန်နိုင်ငံတွင် သေဆုံးခဲ့ရမှု အပေါ် တောင်ကိုရီယား ထောက်လှမ်းရေး အစီရင်ခံစာ များက မြောက်ကိုရီယား လက်ချက် ဖြစ်သည်ဟု ရေးသားထားပါတယ်။
သူမ သေဆုံးခဲ့သည့် နေရာတွင် မြောက်ကိုရီယား နိုင်ငံထုတ် စီးကရက် ဖင်စီခံကို ရှာတွေ့ ခဲ့ရပြီး မိမိကိုယ်ကို သတ်သေခြင်း မဟုတ်ဟု တောင်ကိုရီယား ထောက်လှမ်းရေးက ဆုံးဖြတ်ခဲ့ပါတယ်။
အဆိုပါ ကိစ္စကို ထိုစဉ်က ဂျနီဗာရှိ တောင်ကိုရီယား သံအမတ်မှ မြန်မာ သံအမတ် ကို နေ့လည်စာ အတူ သုံးဆောင်ရင်း တင်ပြခဲ့သော်လည်း ဘာသတင်းမှ ဆက်လက် ထွက်ပေါ်ခဲ့ခြင်း မရှိဟု လည်း ရေးသားထားပါတယ်။
အခြား အစီရင်ခံစာများအရ ဂျနီဗာရှိ မြန်မာသံရုံးအား ဗုံးဖေါက်ခွဲရန် ခြိမ်းခြောက်မှုများ လက်ခံရရှိခဲ့ပြီး မြောက်ကိုရီယားနှင့် သံတမန် အဆက်ဖြတ်မှုအပေါ် တရုတ်မှ မြန်မာအား ပြစ်တင်ကြိမ်းမောင်းခဲ့သည်ဟုလည်း ဖေါ်ပြထားပါတယ်။
ကိုးကား၊ ။ UPI
HSW
Tuesday, April 11, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment