Latest News

Saturday, April 15, 2017

စစ်အင်အားပြသမှုနဲ့အတူ နျူကလီးယားတိုက်ခိုက်မှုအတွက် အသင့်ရှိကြောင်း မြောက်ကိုရီးယားပြော

စစ်အင်အားပြသမှုနဲ့အတူ နျူကလီးယားတိုက်ခိုက်မှုအတွက် အသင့်ရှိကြောင်းြေေမြောက်ကိုရီးယာြးေ
ပာ

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ကို ဒေသတွင်း တမင်ရန်စနေတဲ့ လုပ်ရပ်တွေ မလုပ်ဆောင်ရန်နဲ့ ၎င်းတို့အနေနဲ့ နျူကလီးယားတိုက်ခိုက်မှုဖြင့် ပြန်လည်တုံ့ပြန်ရန် အသင့်ရှိနေကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခဲ့တဲ့ ကင်မ်ဂျုံအန်ရဲ့အဘိုးဖြစ်သူ ကင်မ်အီလ်ဆွန်းရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုံးယမ်းမြို့မှာ စစ်ရေးပြအခမ်းအနားကို ယနေ့ (ဧပြီ ၁၅ ရက်) ပြုလုပ်စဉ်အတွင်း ထိုသို့ ပြောကြားမှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။


နိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်း မွေးနေ့အထိမ်းအမှတ် စစ်ရေးပြပွဲမှာ မြောက်ကိုရီးယားက စစ်သားများ၊ တင့်ကားများနဲ့ စစ်လက်နက်ကိရိယာများနဲ့အတူ ပြုံးယမ်းမြို့တစ်လျှောက် ချီတက်ကာ စစ်အင်အားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါနေ့ကို မြောက်ကိုရီးယားမှာ "နေမင်းရဲ့နေ့" "Day of the Sun" လို့ ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဝင်အမည်) မှာ သိထားကြပါတယ်။


"မီးကုန်ယမ်းကုန်စစ်ပွဲတစ်ရပ်ကို မီးကုန်ယမ်းကုန်စစ်ပွဲနဲ့ တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်၊ နျူကလီးယားတိုက်ခိုက်မှု မှန်သမျှကို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကိုယ်ပိုင်ပုံစံ နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်တိုက်ခိုက်သွားဖို့ အဆင်သင့်ပါပဲ" လို့ မြောက်ကိုရီးယား စစ်ဘက်အရာရှိ ချိုရောင်ဟေးက ပြောကြားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်တက်နေပြီး အချိန်မရွေး စစ်ပွဲဖြစ်ပွားလာနိုင်မှုပေါ် စိုးရိမ်မှုများရှိနေစဉ်အတွင်း မြောက်ကိုရီးယားက ကြီးမားတဲ့ စစ်ရေးပြပွဲနဲ့အတူ ၎င်းရဲ့စစ်အင်အားကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ စစ်ရေးပြပွဲကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။

စစ်တီးဝိုင်းများနဲ့ တပ်ဖွဲ့ဝင်စစ်ကြောင်းများက ပြုံးယမ်းမြို့လယ်ရှိ ကင်မ်အီလ်ဆွန်းရင်ပြင်သို့ ချီတက်ကာ ကင်မ်ဂျုံအန်ကို အလေးပြုပြီး စစ်ရေးပြခဲ့ကြပါတယ်။ ယနေ့ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲမှာ အမေရိကန်က စိုးရိမ်မှုတွေရှိနေတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ရှေ့ပြေးပုံစံ အပါအဝင် လက်နက်များကိုလည်း မြောက်ကိုရီးယားက ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်များ (sumbarine-launched ballistic missiles - SLBMs) ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်သယ်ဆောင်ပြီး  ကမ္ဘာတစ်ဝန်း ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန်စီစဉ်နေကြောင်း ခန့်မှန်းမှုများလည်း လတ်တလော ရက်ပိုင်းအတွင်း ပေါ်ထွက်နေခဲ့ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေ ဆက်တိုက်ရှိလာခဲ့ပြီးနောက် အမေရိကန်က ၎င်းရဲ့ ကားလ်ဗင်ဆန် (Carl Vinson) တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်သို့ စေလွှတ်ချထားခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်သင်္ဘောအုပ်စု စေလွတ်မှုဟာ ရန်စမှုအဖြစ် ရှုမြင်ပြီး တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။ မြောက်ကိုရီးယားအရေး တင်းမာမှုတွေအပေါ် အချိန်မရွေး စစ်ပွဲဖြစ်လာနိုင်ကြောင်းနဲ့ စစ်ပွဲဖြစ်ပါက မည်သူမျှ အောင်နိုင်သူမဖြစ်ဘဲ နစ်နာဆုံးရှုံးရလိမ့်မယ်လို့ တရုတ်နိုင်ငံက သတိပေးထားကြောင်းလည်း သိရပါတယ်။

တရုတ်နိုင်ငံက မြောက်ကိုရီးယားနဲ့နယ်စပ်ဒေသကို တပ်ဖွဲ့ဝင်များ စေလွှတ်နေကြောင်းလည်း သတင်းများက ဖော်ပြပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား တင်းမာမှုများ မြင့်တက်ကာ စစ်ရိပ်သန်းလာနေတဲ့ ကိုရိးယားကျွန်းဆွယ် အခြေအနေကို ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထား စောင့်ကြည့်နေကြကြောင်း သိရပါတယ်။
Source & Photo: AFP, BBC, Reuters, Daily Mail:Duwun

No comments:

Post a Comment