ဘာစီလိုနာကို မိနစ် ၁၈ဝ စလုံး ဂိုးမပေးရသောကြောင့် ဘူဖွန် အံ့သြမိ
မက်ဒရစ် ဧပြီ ၂ဝ
ဘာစီလိုနာအသင်းကို နှစ်ကျော့ပေါင်း ၃ ဂိုး- ဂိုးမရှိ ဖြင့် အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့တက်ရောက် သွားနိုင်သော ဂျူဗင်တပ်စ်အသင်းမှ ဝါရင့်ဂိုးသမား ဘူဖွန်က နူးကမ့်ကွင်း၌ ဘာစီလိုနာကို ဂိုးမရှိသရေ ကစားနိုင်ခြင်းအတွက် အံ့သြမိကြောင်း ပြောသည်။
မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ စသည့် လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်အင်အားစုကို ပိုင်ဆိုင်ထား သော ဘာစီလိုနာသည် ပီအက်စ်ဂျီကို လေးဂိုးပြတ်ရှုံး
ခဲ့သည့်အရှုံးကို အိမ်ကွင်း၌ ပြန်လည်ချေဖျက်နိုင်စွမ်းရှိ၍ မိမိတို့လည်း နူးကမ့်၌ တစ်ဂိုး၊ နှစ်ဂိုးလောက် ပေးရနိုင် သည်ဟု တွက်ဆထားသော်လည်း ဂိုးမပေးရ၍ အထူး ကျေနပ်ကြောင်း ဘူဖွန်ကပြောသည်။
¤င်းက ''ပထမအကျော့ရလဒ်ကြောင့် ဆီမီးတက်နိုင်ဖို့ အခွင့်အလမ်းကောင်းမှန်းတော့သိပါတယ်။ ဒါပေမဲ့ သူတို့ ကွင်းမှာ တစ်ဂိုး၊ နှစ်ဂိုးလောက်ပေးရနိုင်မယ်ထင်ခဲ့တာပါ။ အခု ဒီအသင်းကို မိနစ် ၁၈ဝ စလုံး ဂိုးမပေးရဘဲ ကစားနိုင်လို့ အသင်းက အတောင့်တင်းဆုံးဖြစ်နေပြီလို့ ဆိုရမယ်'' ဟု ပြောသည်။ ဂျူဗင်တပ်စ်သည် ချန်ပီယံ လိဂ် နောက်ဆုံးငါးပွဲဆက် ဂိုးမပေးရဘဲ ကစားနိုင်သော အသင်းဖြစ်သည်။ မြ၀တီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment