Latest News

Wednesday, April 26, 2017

အောင်ဘာလေထီ ကျပ် ၅၀ တန် ထုတ်ဖို့ စီစဉ်နေ

အောင်ဘာလေထီ ကျပ် ၅၀ တန် ထုတ်ဖို့ စီစဉ်နေ

အောင်ဘာလေထီကို ကျပ် ၅၀ တန် အထိ ရောင်းချနိုင်အောင် စီစဉ်နေပါတယ်။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီ ၅၀ တန် ထီမှာဆိုရင် တစ်လတစ်ခါဖွင့်တာ မျိုးလဲဟုတ်ချင်မှဟုတ်မယ်၊ နှစ်ပတ်တစ်ခါဖွင့်တာမျိုးလဲ ဖြစ်ချင်ဖြစ် မယ်စသဖြင့် ဒါမျိုးအနေအထားလေးနဲ့သွားမယ်လို့ ပြောပါတယ်။

အခုလို တန်ဖိုးနည်းနည်းနဲ့ ဝယ်ယူနိုင်တဲ့ထီတွေကို ရောင်းချဖို့ စီစဉ်ရတာဟာ နိုင်ငံတော်ရဲ့အခွန်ငွေရရှိဖို့ထက် လူတန်းစားမရွေး ထီကံစမ်းနိုင်အောင်ဖြစ်ပြီး လက်ရှိ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ နှစ်လုံး၊ သုံးလုံးတွေလည်း ပျောက်ကွယ်လာအောင်ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အခုရောင်းချနေတဲ့ ကျပ် ၅၀ဝ တန်ထီရဲ့ဆုကြေးပုံစံကို လည်း ဆုကြေးရရှိသူအရေအတွက်တွေများလာဖို့ ဖြန့်ခွဲမှုပုံစံနဲ့  ဆုကြေးသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သည်ဆုကြေးအရေအတွက်များဖို့လည်း လက်ရှိထုတ်ဝေနေတဲ့ အက္ခရာအရေအတွက် ၃၆ လုံးထက် လာမယ့်ဇူလိုင်လကစပြီး အက္ခရာအရေအတွက် ၅၀ အထိတိုးမြှင့်ထုတ်မယ်လို့ သိရပါတယ်။

ဆိုလိုတာကတော့ ဖြန့်ခွဲမှုပုံစံဖြစ်အောင် ၁၀,ဝ၀ဝ ဆုဆိုရင် ၅၀ဝ၀ တန် နှစ်ဆုခွဲသွားမလား၊ ၃၀ဝ၀ တန်လေးခုသွားမလား စသဖြင့် ဝန်ကြီးကဒီလိုမျိုး ဖြစ်စေချင်တဲ့အတွက်ကြောင့် လမ်းညွှန်ထားတာ ရှိပါတယ်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ‘အဓိကကတော့ အပြင်မှာထီဈေးကြီးနေတာကို ကာကွယ်နိုင်အောင် ပါ၊ ဒါ ဥပဒေလဲတင်ထားပါတယ်၊ လာမယ့်လွှတ်တော်မှာတော့ အတည်ပြုနိုင်မယ်လို့ ရည်ရွယ်ပါတယ်လို့ ပြောပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ထီရောင်းချမှုကနေရရှိတဲ့အခွန်ငွေကတော့ ၄၀.၂၀၃ ဘီလျံရှိပြီး လက်ရှိဘဏ္ဍာနှစ်မှာတော့ ၅၀ဝ ကျပ်တန် ထီထုတ်ထားတဲ့အတွက် အခွန်ငွေဘီလျံ ၁၀ဝ ကျော်ရရှိ မယ်လို့ ခန့်မှန်းထားပါတယ်။

မာရီခိုင်(Kumudra)

No comments:

Post a Comment