Latest News

Friday, April 21, 2017

ကန် နဲ့ အင်ဒို ဒေါ်လာ ၁ဝ ဘီလီယံဖိုး စာချုပ်

ကန် နဲ့ အင်ဒို ဒေါ်လာ ၁ဝ ဘီလီယံဖိုး စာချုပ်

ဂျာကာတာမြို့ကို အမေရိကန် ဒု သမတ မိုက်ပင့်စ် Mike Pence ရောက်ရှိနေစဉ်အတွင်း အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံ အကြား ဒေါ်လာ ၁ဝ ဘီလီယံတန်ဖိုးရှိတဲ့ စီးပွားရေးသဘောတူညီချက် ၁၁ ခုကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ ကန် စွမ်းအင်ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Exxon Mobil အက်ဇွန် မိုဘီးလ် နဲ့ General Electric ဂျနရယ် အလက်ထရစ် တို့အပြင် နံမည်ကျော်လေကြောင်းနဲ့ ကာကွယ်ရေးပစ္စည်းကုမ္ပဏီ Lockheed Martin လော့ခိ မာတင် လည်း ပါဝင်ပါတယ်။

ဒု သမတ မိုက်ပင့်စ်က အမေရိကန်ကုမ္ပဏီတွေ အင်ဒိုနီးရှားမှာ အခုလို စီးပွားလုပ်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့တာဟာ အင်မတန်ကြီးမားတဲ့ အခွင့်အရေးပါပဲလို့ ပြောပါတယ်။

မနေ့က ချုပ်ဆိုတဲ့ စာချုပ်တွေအရ အက်ဇွန် မိုဘီးလ် ကုမ္ပဏီက အင်ဒိုနီးရှားကို ဓါတ်ငွေ့ရည်တွေ ရောင်းချမှာဖြစ်ပြီး ဂျနရယ် အလက်ထရစ် ကုမ္ပဏီက အင်ဒိုနီးရှား ဓါတ်အားပေးစက်ရုံတွေအတွက် နည်းပညာတွေပံ့ပိုးမှာဖြစ်သလို လော့ခိ မာတင် ကတော့ အင်ဒိုနီးရှားလေတပ်က အမေရိကန် F-16 တိုက်လေယဉ်ပျံတွေကို နောက်ဆုံးပေါ်လက်နက်စံနစ်တွေ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။RFA

No comments:

Post a Comment