Latest News

Friday, April 28, 2017

နျူကလီးယားစမ်းသပ်မှု ထပ်လုပ်ပါက စီးပွားရေးပိတ်ဆို့မည်ဟု မြောက်ကိုရီးယားကို တရုတ်သတိပေး

နျူကလီးယားစမ်းသပ်မှု ထပ်လုပ်ပါက စီးပွားရေးပိတ်ဆို့မည်ဟု မြောက်ကိုရီးယားကို တရုတ်သတိပေး

နျူကလီးယားစမ်းသပ်မှု ထပ်လုပ်ရင် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံခံရလိမ့်မယ်လို့ တရုတ်က မြောက်ကိုရီးယားကို သတိပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ခ် တေလာဆန်က ပြောပါတယ်။

“ကျနော်တို့ အချင်းချင်းရော တရုတ်နိုင်ငံမှာရှိနေတဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အမြဲတမ်းအဆက်အသွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယား အာဏာရှင်အစိုးရနဲ့ အဆက်အသွယ်ရှိသလို နောက်ထပ် ဒုံးကျည်စမ်းသပ်တာတွေ ထပ်မလုပ်ဖို့ တားမြစ်ခဲ့တယ်လို့ ပြောတယ်။ တကယ်လို့ နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်တာလုပ်ခဲ့ရင် တရုတ်က သူကိုယ်တိုင် စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တော့မယ်လို့ မြောက်ကိုရီးယားကို သတိပေးခဲ့တယ်လို့ ကျနော်တို့ကို ပြောတယ်။ အဲဒီတော့ တရုတ်ဟာ ကျနော်တို့ဘက်ကရပ်တည်တယ်ဆိုတဲ့ သဘောပဲလို့ ယုံကြည်ပါတယ်။”

မြောက်ကိုရီးယား အာဏာရှင် အစိုးရကို သူတို့ရဲ့ အပြုအမူတွေအပေါ် ပြန်လည်သုံးသပ်ဖို့ နောက်တဆင့် ဘယ်လိုဖိအားပေးရမယ်ဆိုတာကို ကျနော်တို့ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း  ရက်ခ် တေလာဆန်က ဧပြီ ၂၇ ရက်နေ့က ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment