Latest News

Tuesday, April 25, 2017

ရန်ကုန်မြို့ ကန်တော်ကြီး သစ်သားတံတားနှစ်ကာလ ကြာရှည်နေ၍ လမ်းအသုံးပြုသူများ အန္တရာယ်ရှိနိုင်

ရန်ကုန်မြို့ ကန်တော်ကြီး သစ်သားတံတားနှစ်ကာလ ကြာရှည်နေ၍ လမ်းအသုံးပြုသူများ အန္တရာယ်ရှိနိုင်

ရန်ကုန် ဧပြီ ၂၅

ရန်ကုန်မြို့ ကန်တော်ကြီးအတွင်း တည်ဆောက်ထားသော သစ်သား တံတားမှာ နှစ်ကာလကြာရှည်နေခြင်းကြောင့် သစ်သားများဆွေးမြည့်ခြင်း၊ ရိုက်ထားသော သံချောင်းများကြွခြင်း၊ သစ်သားများ တစ်ဖက်က နင်းလိုက် လျှင် တစ်ဖက်မှာ ထောင်သွားခြင်း၊ ကျိုးနေသောနေရာ အစားမထိုးနိုင်ခြင်း၊ လမ်းလျှောက်လျှင် ဖြောင့်ဖြောင့်တန်းတန်းလျှောက်လို့မရခြင်း၊ တချို့နေရာ များတွင် သစ်သားကျိုးသည့်အပေါ် ထပ်၍ရိုက်ထားခြင်းကြောင့် ကြမ်းခင်း မျက်နှာပြင်မညီတော့ခြင်းများ တွေ့မြင်နေရသည်။

ဤတံတားပေါ်၌ နံနက်ခင်းတိုင်းနှင့် ညနေတိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်သူ၊ ဒေသခံများနှင့် နိုင်ငံခြားသားများ၊ ပြေးသူများ၊ သွေးပူ လေ့ကျင့်ခန်းလုပ်သူများနှင့် ရိုးရိုးလမ်းလျှောက်သူများအတွက် အန္တရာယ်ရှိနိုင်၍ သက်ဆိုင်ရာဌာနအနေဖြင့် အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်လျက်ရှိသည်။ပြန်/ဆက်

No comments:

Post a Comment