Latest News

Saturday, April 8, 2017

"ထိုင်းနိုင်ငံမှ သင်္ကြန်အားလပ်ရက်အလည်ပြန်လာသူ ၂ဦး မန္တလေးတွင် ယာဉ်စီးခများ လိမ်လည်ခံရ "

"ထိုင်းနိုင်ငံမှ သင်္ကြန်အားလပ်ရက်အလည်ပြန်လာသူ ၂ဦး မန္တလေးတွင် ယာဉ်စီးခများ လိမ်လည်ခံရ "

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ပြီး သင်္ကြန်ပိတ်ရက်အလည်ပြန်လာသူနှစ်ဦးကို မန္တလေး ကျွဲဆည်ကန်ဂိတ်မှ ဆိုင်ကယ်တက်စီအချို့ က လိမ်လည်ခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာခရိုင် ယင်းမာပင်မြို့နယ်မှ  ကိုသစ်နိုင်ဖြိုးနင့် ကိုဇော်ဖြိုးတို့သည် ထိုင်းနိုင်ငံမှ ပြန်လာရာ  ယနေ့ဧပြီလ ၉ ရက်နံနက် ၈ နာရီက  မန္တလေးကျွဲဆည်ကန်ဂိတ်သို့ ဆိုက်ရောက်ခဲ့ကြောင်း ကျွဲဆည်ကန်ဂိတ်မှ ဆိုင်ကယ်တက္ကစီသမားတစ်ဦးအား မုံရွာကားဂိတ်သို့ ပို့ခိုင်းရာ ငွေလေးထောင်ကျပ်ဖြင့် ဈေးတည့်ကာ ပို့ပေးခဲ့ကြောင်း ဆိုင်ကယ်တက္ကစီသမားသည် မုံရွာကားဂိတ်ရှိရာ သီရိမန္တလာကားကွင်းသို့မပို့ဘဲ ဘူတာကြီးအနီးရှိ ရွှေမန်းတောင် ကားလက်မှတ်အရောင်းဌာနသို့ ပို့ပေးခဲ့ကြောင်း ပုံမှန် မုံရွာ မန္တလေး ကားခ ကျပ် ၂၅၀၀ သာရှိသော်လည်း တစ်ယောက် ၁၂၀၀၀နူန်းဖြင့် ၂၄၀၀၀ ယူခဲ့ကြောင်း ဈေးများကြောင်းပြောသော်လည်း သင်္ကြန်နီး၍ ဈေးတက်ရခြင်းဖြစ်ကြောင်းပြောသဖြင့် အိမ်ပြန်ချင်၍ ပေးဝယ်ခဲ့သည်ဟု သိရသည်။

ကားဂိတ်မှတဆင့် သိရီမန္တလာကားကွင်းသို့ ဆိုင်ကယ်နှစ်စီးဖြင့်လိုက်ပို့ခဲ့ရာ ကားကွင်းရောက်ချိန်တွင်တစ်ယောက်လျှင် ဆိုင်ကယ်တက္ကစီခ ကျပ် ၈၀၀၀ စီထပ်မံတောင်း၍ မကျေနပ်ရာမှ ကားကွင်းအုပ်ချုပ်ရေးမှူးရုံးထံ ဝင်တိုင်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်များနှင့် ကားကွင်းတာဝန်ရှိသူများကပြောသည်။

 "ကျွန်တော်တို့ ထိုင်းမှာနေခဲ့တာ ထိုင်းစကားလုံးဝမတတ်ဘူး။ ဒါပေမယ့်လုံးဝအလိမ်မခံခဲ့ရဘူး။ ဒီရောက်မှခုလိုဖြစ်တာ။ ကိုယ့်ရပ်ဒေသပြန်ချင်လွန်းလို့ ဈေးကြီးပေးဝယ်တာကို လိမ်သွားတာပါ။" ဟု အလိမ်ခံရသူ ကိုသစ်နိုင်ဦးကပြောသည်။

ဓာတ်ပုံ - ညီညီဇော်( 7Day News )

No comments:

Post a Comment