မတ်လအတွင်းပြည်တွင်း၌ အလုပ်နေရာ တစ်သောင်းကျော်ခန့်ထားပေးနိုင်ခဲ့
ရန်ကုန် ဧပြီ ၁၀
မတ်လအတွင်းပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူ ၁၆၀၀၀ ကျော်နှင့် ပြည်တွင်း၌ အလုပ်နေရာ ၁၃၀၀၀ ကျော်ခန့်ထားပေးနိုင်ခဲ့ကြောင်း အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကသတင်းထုတ်ပြန်သည် ။
ပြည်သူများတစ်ဦးချင်းဝင်ငွေတိုးပွားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့အလုပ်သမားများတရားဝင်စေလွှတ်ခြင်း ၊ ပြည်တွင်းအလုပ်အကိုင်များရှာဖွေပေးခြင်းတို့ကို ၀န်ကြီးဌာနမှလုပ်ဆောင်ပေးလျက်ရှိသည် ။
ပြည်တွင်းအလုပ်အကိုင်ကဏ္ဍတွင် ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်ခန့်ထားမှုအများဆုံးဖြစ်ပြီးပုဂ္ဂလိကလုပ်ငန်းများတွင် ၈၄၀၃ ဦး ၊ အစိုးရလုပ်ငန်းများတွင် ၃၉၂ ဦးခန့်ထားပေးနိုင်ခဲ့ကြောင်း ၊ ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းများတွင် ၁၀၀၉ ဦး ၊ အစိုးရလုပ်ငန်းများတွင် ၂၈၂ ဦးခန့်ထားပေးနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်သည် ။
ပြည်ပအလုပ်အကိုင်ကဏ္ဍတွင်လည်း မတ်လအတွင်းထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်သူအများဆုံးဖြစ်ပြီး ၁၅၆၅၆ ဦးရှိခဲ့ကြောင်း ၊ ကိုရီးယားနိုင်ငံသို့သွားရောက်မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး ၃၂၆ ဦးရှိခဲ့ကြောင်းသိရသည် ။
(Popular News Journal)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment