မယ်စကြဝဠာမြန်မာပြိုင်ပွဲအတွက် အလှမယ်ရွေးချယ်ပွဲများကို မြို့ ၃၀ တွင် ပြုလုပ်မည်
မယ်စကြဝဠာ မြန်မာ ၂၀၁၈ ရွေးချယ်ပွဲအတွက် တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့ ၃၀ တွင် အလှမယ်ရွေးချယ်ပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ယင်းပြိုင်ပွဲ National Director ဒေါ်စိုးယုဝေက ပြောသည်။
‘‘တကယ်တော့ မြို့ ၃၀ ပဲ သတ်မှတ်လိုက်တာ။ တခြားပွဲ ကျင်းပချင်တဲ့ မြို့တွေရှိပေမယ့် အရမ်းများသွားမှာစိုးလို့’’ဟု ၎င်း က ပြောသည်။
အလှမယ်ပြိုင်ပွဲများကို လက်ရှိအချိန်အထိ မင်းဘူး၊ ပြင်ဦးလွင်၊ မိုးညှင်း၊ မြဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ ဖားကန့်၊ ကလေး၊ ကျောက်ဆည်၊ မိုးကုတ်၊ နေပြည်တော်စသည့်မြို့များတွင် ပြုလုပ်ခဲ့ပြီး အခြားမြို့ ၂၀ ခန့်တွင် ထပ်မံ ပြုလုပ်မည်ဖြစ်သည်။
‘‘ရန်ကုန်က အချိုးများနေလို့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ပွဲတွေလုပ်ဖို့ စီစဉ်နေတာ ပါ။ ရန်ကုန်တောင်ပိုင်းအတွက် ကတော့ City Director ကို ရွေး နေတယ်’’ဟု ဒေါ်စိုးယုဝေက ပြောသည်။
အလှမယ်ပြိုင်ပွဲများကို ဇွန် လကုန်နောက်ဆုံးထား၍ ပြုလုပ် ရန် သတ်မှတ်ထားပြီး နောက်ဆုံး ပြိုင်ပွဲကိုမူ ယခင်နှစ်များက ကျင်းပခဲ့သည့် စက်တင်ဘာလ ကုန် (သို့မဟုတ်) အောက်တိုဘာ လဆန်းတွင် ပြုလုပ်မည်ဟု ၎င်း က ဆိုသည်။
မယ်စကြဝဠာ မြန်မာအဖွဲ့ အစည်းအနေဖြင့် နယ်မြို့များ တွင် အလှမယ်ပြိုင်ပွဲများကို ၂၀၁၅ တွင် စတင်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းအတွက် ပြိုင်ပွဲဝင် များကိုမူ လူတွေ့စစ်ဆေး၍ ဆန် ခါတင် အလှမယ်စာရင်း၌ ပါဝင် ခွင့်ရရှိခဲ့သည်။
ယခင်နှစ်များက ရန်ကုန် တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင် သူများသည် အတွေ့အကြုံရှိသူ များပြားခဲ့ပြီး ၂၀၁၅၊ ၂၀၁၆ နှင့် ၂၀၁၇ ပြိုင်ပွဲများတွင်လည်း ရန်ကုန်တိုင်းဒေသကြီးမှ ရွေးချယ် ထားသူများသာ ဆုရရှိခဲ့ပြီး နယ် ပြိုင်ပွဲများမှ လာရောက်ယှဉ်ပြိုင် သူများသည် အမြင့်ဆုံးအဖြစ် 1st Runner Up ဒုတိယဆုကိုသာ ရရှိ ခဲ့သည်။
ထို့အပြင် မယ်စကြဝဠာ မြန်မာ ၂၀၁၇ အဖြစ် သွားရောက် ယှဉ်ပြိုင်မည့် ဇွန်သံစဉ်နှင့် Miss Grand International 2017 ပြိုင် ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များအဖြစ် သွားရောက် ယှဉ်ပြိုင်မည့် ရွှေအိမ်စည်တို့အ တွက် National Costume (အမျိုးသားဝတ်စုံ)များကို ဖန်တီးနေ ကြောင်း ဒေါ်စိုးယုဝေက ပြောသည်။မယ်စကြဝဠာ မြန်မာပြိုင်ပွဲ ကို ၂၀၁၃ တွင် စတင်ပြုလုပ်ခဲ့ပြီး မိုးစက်ဝိုင်၊ သျှားထွဋ်အိန္ဒြာ၊ မေဘရဏီသော်နှင့် ထက်ထက် ထွန်းတို့က မြန်မာနိုင်ငံကိုယ်စား ပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင် ထားသည်။
လေးနှစ်အတွင်း အမြင့်ဆုံး ဆုတစ်ဆုအဖြစ် မယ်စကြဝဠာ ၂၀၁၆ ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်သည့် ထက်ထက်ထွန်းက အကောင်းဆုံးအမျိုးသားဝတ်စုံ ဆုရရှိခဲ့သည်။(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment