နာမည် ခုတုံးလုပ်သူတွေရဲ့ အလိမ်မခံကြနဲ့လို့ ဒူတာတီရဲ့သားသမီးတွေပြော
ဧပြီ ၂၆ – သူတို့ရဲ့နာမည်အသုံးချပြီး လိမ်လည်ငွေရှာသူတွေဆီမှာ အလိမ်မခံကြပါနဲ့လို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီရဲ့ သားသမီးတွေက ပြည်သူတွေကို သတိပေးခဲ့ပါတယ်။
ပလာဝမ်ပြည်နယ်ရှိ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစင်တာတစ်ခုတည်ဆောက်ရေးအတွက် ဟက်တာ ၁၀၀ မြေကွက်တစ်ကွက်ကို ဝယ်ယူဖို့ သူ့ကိုယ်သူ ရှေ့နေတစ်ယောက်လို့ဆိုတဲ့ လူတစ်ဦးက သူ့ရဲ့နာမည်ကို သုံးခဲ့တယ်လို့ သတင်းရကြောင်း မြို့တော်ဝန်ဆာရာဒူတာတီက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပလာဝမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစင်တာအတွက် ဘာပရောဂျက်မှ သူ တာဝန်ယူ လုပ်ဆောင်တာမရှိဖူးသလို အဲသည့်မှာ ဘယ်မြေရာဝယ်ယူမှုမျိုးကိုမှ ပါဝင်ပတ်သက်မှုမရှိခဲ့ဖူးဘူးလို့ ဆာရာက ဆိုပါတယ်။
” မိဘပြည်သူတွေကို ကျွန်မ မေတ္တာရပ်ခံချင်တာက ကျွန်မနာမည်သုံးပြီး တခြားလူတွေကိုလိမ်လည် ငွေရှာနေတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့တွေကို အမြဲသတိထားကြဖို့ပါ”လို့ ဆာရာက ပြောခဲ့ပါတယ်။
အဲသည့်မတိုင်ခင်ကလည်း ဒုတိယမြို့တော်ဝန် ပေါ်လိုဒူတာတီ ဟာ လုပ်ငန်းတွေနဲ့ ခရီးသွားအေဂျင်စီတွေကို ငွေလိမ်ဖို့ပစ်မှတ်ထားတဲ့ အစီအစဉ်တစ်ခုကို အန္တရာယ်အချက်ပြခဲ့ရပါတယ်။
လူတချို့က သူနာမည် ဒါမှမဟုတ် သူ့ရုံးကို နာမည်သုံးပြီး ခရီးသွားအေဂျင်စီတစ်ခုမှာ ဟောင်ကောင်ကိုသွားမယ့် ကြိုတင်လက်မှတ်ဝယ်ခဲ့ကြတဲ့အပြင် ပီဆို ၄၀၀၀ တန်ဖိုး ဖုန်းဘေအကြွေးယူခဲ့တယ်လို့ ပေါ်လို က ပြီးခဲ့တဲ့အပတ် မှာ ထုတ်ပြန်ခဲ့ပါတယ်။ ခရီးသွားအေဂျင်စီ အတော်များများမှာလည်း အလားတူ ဖုန်းခေါ်ဆိုမှုတွေ လက်ခံရရှိ ခဲ့တယ်လို့ သိရပါတယ်။
“ကုန်စုံအရောင်းဆိုင်တစ်ဆိုင်မှာလည်း ဒီလိုမျိုးဖုန်းဝင်လာခဲ့ပြီး ဒုတိယမြို့တော်ဝန်ပေါ်လိုဒူတာတီလို့ သူ့ကိုယ်သူ ပြောတဲ့ လူတစ်ယောက်ဆီကို ဖုန်းငွေဖြည့်ကတ်တွေ ပီဆို ထောင်ပေါင်းများစွာ ထည့်ပေးခိုင်းခဲ့တယ်လို့ သိရတယ်” လို့ ပေါ်လိုက ပြောပြပါတယ်။
“ဒါမျိုးကို လုံးဝရှုတ်ချပါတယ်။ မိဘပြည်သူတွေအနေနဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်နာမည် ဒါမှမဟုတ် ကျွန်တော့ရုံးရဲ့နာမည်သုံးပြီး လုပ်ငန်းလာနွယ်ဖို့ ကြိုးစားရင် ဒါဗောင်မြို့ ရဲစခန်းကို ချက်ချင်း အကြောင်းကြားကြ ပါလို့ တောင်းဆိုချင်ပါတယ်” လို့ သူက ပြောပါတယ်။
လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ ပေါ်လိုနာမည်သုံးပြီး ငွေယူဖို့ကြိုးစားလာသူမှန်သမျှကို သူ့ရဲ့ရုံးဖုန်း ဒါမှမဟုတ် မြို့တွင်း ရဲစခန်းကို အကြောင်းကြားသတင်းပို့ပေးဖို့ သူက မေတ္တာရပ်ခံထားပါတယ်။
Ref:PDI, Apr 26, 2017
YSD
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment