Latest News

Tuesday, April 18, 2017

ကန်နဲ့ တရုတ်ပေါင်းပြီး မြောက်ကိုရီးယားကို ဖိအားပေး

ကန်နဲ့ တရုတ်ပေါင်းပြီး မြောက်ကိုရီးယားကို ဖိအားပေး

အမေရိကန်သမ္မတ ထရမ့်က တရုတ်ပြည်ဟာ မိမိတို့နဲ့ လက်တွဲပြီး မြောက်ကိုရီးယားနိုင်ငံကို ဖိအားပေးနေကြောင်း မနေ့က ချီးမွမ်းပြောကြားလိုက်ပါတယ်။  အခုလို တရုတ်ပြည်က ကူညီနေချိန်မှာ တရုတ်ပြည်ကို ကုန်သွယ်ရေးစစ်ခင်းမှာ မဟုတ်ပဲ တလေးတစား ဆက်ဆံမှာဖြစ်တယ်လို့လည်း သမတ ထရမ့်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ဂျင် မက်တီးစ် ကလည်း ကိုရီးယားကျွန်းဆွယ်ကို နူကလီယာကင်းမဲ့ဇုံ ဖြစ်ရေးအတွက် အမေရိကန်နဲ့ တရုတ်ပြည် အနီးကပ်ပူးတွဲ ဆောင်ရွက်နေကြောင်း မနေ့က ပြောကြားပါတယ်။ ဒါဟာ တရုတ်နဲ့ အမေရိကန် သမတ ၂ ဦးရဲ့ မာရာလာဂို ဆွေးနွေးပွဲ အကျိုးဆက်ပဲလို့လည်း ဆိုပါတယ်။ RFA

No comments:

Post a Comment