Latest News

Tuesday, April 25, 2017

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးချက်ထုတ်ပြန်

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးချက်ထုတ်ပြန်

ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်၍ အသိပေးချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်းများကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှု ကြာမြင့်လာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီ အရေပြား အိုမင်းရင့်ရော်ခြင်း၊ ခုခံအား ကျဆင်းခြင်းနှင့် အရေပြား ကင်ဆာ စသည့် ဆိုးကျိုးများကို ဖြစ်ပွားစေနိုင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ပူပြင်းသော နေရောင်အောက်တွင် အလုပ် လုပ်ကိုင်ခြင်း၊ သွားလာလှုပ်ရှားခြင်းနှင့် ခရီး သွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊ အသားအရေကို နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့စေရန် မျက်နှာ၊ လည်ပင်း၊ ပခုံးများကို လုံခြုံသော ထီးနှင့် ဦးထုပ်များ ဆောင်းရန်၊ အဝတ် လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံးနေရာများကို သနပ်ခါးထူထူ (သို့) SPF 15+ ပါဝင်သည့် နေရောင်ခံလိမ်းဆေးကို နေရောင်ထဲ မထွက်မီ ကြိုတင်လိမ်းရန်နှင့် ယင်းကို တစ်ခါလိမ်းပြီး နှစ်နာရီခြားတိုင်း ထပ်မံ လိမ်းပေးရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရမ်းလွန်ရောင်ခြည်သည် လူကြီးများထက် ကလေးငယ်များ ပိုမို ထိခိုက်ခံစားနိုင်ရသောကြောင့် အသက် တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုရန်နှင့် ကလေးငယ်များကို အရိပ်ထဲတွင်သာ ကစားစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။    

The Voice

No comments:

Post a Comment