တရုတ်က လေယာဉ်တင်သင်္ဘော ကိုယ်ပိုင်တည်ဆောက်၊ စစ်ဆင်ရေးတာဝန်ထမ်းဖို့ အကြီးစားစမ်းသပ်မှုများ ထပ်မံပြုရဦးမည်ဟုဆို
တရုတ်နိုင်ငံဟာ ကိုယ်ပိုင်တည်ဆောက်လိုက်တဲ့ လေယာဉ်တင်သင်္ဘောကို ရေချပြီးနောက် မိမိနိုင်ငံရဲ့ စစ်ရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ ကမ္ဘာအနှံ့မှာရှိတဲ့ ၎င်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကာကွယ်နိုင် စွမ်းမြင့်တက်လာမှုကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ဒီလေယာဉ်တင်သင်္ဘော ရေချခြင်းကို တရုတ်ရေတပ်နှစ်ပတ်လည်နေ့ပြီးနောက် သုံးရက်အကြာဖြစ်တဲ့ ယမန် နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောဟာ ရေချမှုပြုလုပ်ပေမယ့်စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ဖို့နဲ့ စက်ပစ္စည်းတွေ အလုပ် လုပ်၊ မလုပ်သိဖို့အတွက် အကြီးစားစမ်းသပ်မှုတွေထပ်မံပြုလုပ်ရဦးမှာဖြစ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ရေးသားထားပါတယ်။
၎င်းထုတ်ပြန်ချက်မှာပဲ ဒီသင်္ဘောကို ၂၀၁၃ခုနှစ်က စတင်ဒီဇိုင်းရေးဆွဲကာ ၂၀၁၅ခုနှစ်မှာတည်ဆောက်၍ ၂၀၂၀မတိုင်ခင်မှာစတင်အသုံးပြုနိုင်မယ်လို့ မျှော်မှန်းထားတယ်လို့ဆိုပါတယ်။
တရုတ်ရဲ့ ဒီပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောဟာ ၂၀၁၁ မှာ ယူကရိန်းကနေ၀ယ်ယူခဲ့တဲ့ ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘော Liaoning ရဲ့ပုံစံအတိုင်း တည်ဆောက်ထားပေမယ့် Liaoning ထက်ပိုမိုကြီးမားပြီး ပိုမိုခေတ်မီကြောင်း စစ်ရေးသုတေသီတွေက ပြောကြားခဲ့ပါတယ်။
တရုတ်ဟာ လေယာဉ်တင်သင်္ဘောလေးစင်းအထိ တည်ဆောက်ဖို့ရည်ရွယ်ထားပြီး ရှန်ဟိုင်းသင်္ဘောကျင်းမှာ တတိယမြောက်လေယာဉ်တင်သင်္ဘောကို စတင်ဆောက်လုပ်နေပါတယ်။
ထို့အတူတရုတ်ဟာအမေရိကန်ရဲ့တန် ၁သိန်းအလေးချိန်ရှိတဲ့ Nimitz အမျိုးအစား နျူကလီးယား လေယာဉ်တင်သင်္ဘောကဲ့သို့တစ်စီးကို တည်ဆောက်ဖို့လဲ မျှော်မှန်းနေပါတယ်။
လက်ရှိတရုတ်ဟာဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ ဗီယက်နမ်အစရှိတဲ့နိုင်ငံတွေနဲ့ ရေပြင်ပိုင်နက် အငြင်းပွားမှုတွေရှိနေတဲ့အတွက် ဒီနိုင်ငံတွေအတွက်တော့ တရုတ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုဟာ ပိုမိုကြီးမားလာသလို လေယာဉ်တင်သင်္ဘောတစ်စီးသာရှိတဲ့ အိန္ဒိယအတွက်လည်း စိုးရိမ်မှုတွေ တိုးပွားလာ စေပါတယ်။
ref:nytimes
စံတော်ချိန်
Thursday, April 27, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment