တရုပ်စစ်လေယာဉ်အား မြန်မာဖက်မှ ပစ်ချဖျက်ဆီး
ယခုရက်ပိုင်း၌ မြန်မာ့ဝေဟင်ပိုင်နက်အတွင်းကျူးကျော်ဝင်ရောက်လာသည့် တရုပ်စစ်လေယာဉ်အား မြန်မာဖက်မှ ပစ်ချဖျက်ဆီးလိုက်ကြောင်း သတင်းဓါတ်ပုံနှင့်တကွ ဖော်ပြလာသည်ကို တွေ့ရပါသည်။
မူရင်းသတင်းဖော်ပြသည့် အွန်လိုင်းစာမျက်နှာနှာမှာ .biz ဖြင့် အဆုံးသတ်သည့် အီးမေးလ်လိပ်စာရှင်ဖြစ်နေသည်။
.biz ဆိုသည်မှာ အင်တာနက် ဒိုမိန်းအမည်စံနစ်တွင် စီးပွားရေးလုပ်ငန်းအသုံးပြုရန်ရည်ရွယ်မှတ်ပုံတင်ထားသည့်လိပ်စာကိုဆိုလိုပြီး သတင်းပိုတယ် ( သို့မဟုတ် ) သတင်းစုစည်းတင်ပြသော ဘလော့ဂါစာမျက်နှာမဟုတ်ပါ။
မြန်မာဘာသာဖြင့်ဖော်ပြထားသောသတင်းတွင် မြန်မာ့တပ်မတော် စစ်နယ်မြေအကြီးအကဲအမည်။တရုပ် နိုင်ငံပြောရေးဆိုခွင့်ရှိသူ၊ တရုပ်သမ္မတအမည်တို့ဖော်ပြလျှက် အတိအကျရေးသားထားသည်။
ထို့ကြောင့် အလွန်စိတ်ဝင်စားပါသဖြင့် မူရင်းသတင်းဖြစ်နိုင်သည့် ဆင်တူသတင်းများရှာဖွေကြည့်ရာ ယခုထိမတွေ့ရပါ။ ထို့ပြင် ထိုသို့သောအကြောင်းအရာအမှန်ဖြစ်လျှင် ဖော်ပြလေ့ရှိသည့် တရုပ်အစိုးရအာဘော် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသော “ Global Time “ ၀ဘ်ပိုတယ်၏ လွန်ခဲ့သော ၄၈-နာရီမှ ယခုချိန်ထိ မြန်မာနိုင်ငံနှင့်ဆက်စပ်သော သတင်းဖော်ပြချက်များတွင်လည်း လုံးဝမတွေ့ရှိရပါ။
Htay Oung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment