Latest News

Saturday, April 8, 2017

ယာဉ်စီးခ စေတနာ ရှိသလောက် ပေးနိုင်သည့် ဘတ်စ်ကား စနစ်တခု ၂၁ ယာဉ်လိုင်းမှ မိတ်ဆက် ပြေးဆွဲ

 မည်သည့် နိုင်ငံတွင်မှ ကျင့်သုံးဖူးခြင်း မရှိသေးသော ခရီးသည် အခြေပြု စနစ်ဖြင့် ပြေးဆွဲမည့် အထူး သီးသန့် ယာဉ်ကို ၂၁ ယာဉ်လိုင်းမှ စတင် မိတ်ဆက် ပြေးဆွဲ နေကြောင်း သိရသည်။
''ခရီးသွား ပြည်သူတွေ သက်သောင့်သက်သာနဲ့ စိတ်ချမ်းသာစွာနဲ့ လိုရာခရီးကို မြန်မြန် ရောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ နောက်တချက်က YBS ယာဉ်လိုင်းတွေ ၀န်ဆောင်မှု မြှင့်တင်တာပေါ့။ YBS လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ ကိုလည်း ရည်ရွယ်တယ်။ မိတ်ဆက်တဲ့ အနေအထား တခုမှာ ရှိတယ်။ ခရီးသည် ရာခိုင်နှုန်း အများစုက ထောက်ခံကြတယ်။ ရေရှည် ရပ်တည်ဖို့က ခရီးသွား ပြည်သူအပေါ်မှာပဲ မူတည် ပါတယ်။ ထောက်ခံရင် အဲ့ယာဉ်လိုင်းတွေ အများကြီး ပေါ်လာလိမ့်မယ်'' ဟု ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက News Watch သို့ ပြောသည်။
 အဆိုပါ ၂၁ အထူး သီးသန့် ယာဉ်သည် လူပို တင်ဆောင်ခြင်း မရှိဘဲ ထိုင်ခုံ အပြည့်သာ ခရီးသည် တင်ဆောင်၍ ယာဉ်စီးခ ပုံသေ သတ်မှတ် ပေးထားခြင်း မရှိဘဲ စေတနာ ရှိသလောက် ပေးနိုင်သည့် စနစ်ဖြင့် ဧပြီလ ၅ ရက်နေ့မှ စတင် ပြေးဆွဲနေခြင်း ဖြစ်သည်။
အဆိုပါ စနစ်သည် နိုင်ငံတကာတွင် ကျင့်သုံးဖူးခြင်း ရှိ၊ မရှိထက် ရန်ကုန်မြို့တွင်းနှင့် ကိုက်ညီစေရန် ကြိုးစားခြင်း ဖြစ်ကြောင်းနှင့် ယာဉ်စီးခကို ခရီးသည် စိတ်ကြိုက် ပေးချေနိုင်ကြောင်း ကိုတရုတ်လေးက ဆက်လက် ပြောကြားသည်။
''အဲဒီလိုင်းကို ယာဉ်စီးခ သတ်မှတ် မပေးထားဘူး။ ၀န်ဆောင်မှုနဲ့ ညီမျှတဲ့ ယာဉ်စီးခကို ပေးချေပါ ဆိုပြီးတော့ စာကပ် ထားပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးသည်တွေ ကလည်း ၀န်ဆောင်မှုနဲ့ ညီမျှတဲ့ ယာဉ်စီးခကို ပေးဖို့ သူတို့မှာ အမြဲ အဆင်သင့် ရှိနေတယ်။ ယာဉ်စီးခကို လုံးဝ မသတ်မှတ်ဘူး။ ယာဉ်စီးခကို သတ်မှတ်ရမှာက ကျွန်တော်တို့ရဲ့ စားသုံးသူ ကျွန်တော်တို့ရဲ့ ခရီးသွား ပြည်သူတွေပါ ခရီးသည်များ မှလည်း အဆိုပါ ယာဉ်လိုင်း၏ ၀န်ဆောင်မှုကို နှစ်သက် ထောက်ခံ နေကြောင်း သိရသည်။
“ကျွန်မတို့တွေ ကတော့ သဘောကျတာပေါ့။ ညဘက် အိမ်ပြန်ရင် လုံလုံခြုံခြုံနဲ့ မြန်မြန်ဆန်ဆန် ပြန်နိုင်တော့ မှာပေါ့။ အရင်လို ကားကြပ်ကြပ်ကို တိုးမစီးရတော့ ဘူးပေါ့။ ဒီလို ယာဉ်လိုင်းမျိုးတွေ အများကြီး ပေါ်လာ စေချင်ပါတယ်'' ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သော မနီလာခင် က ပြောသည်။
၂၁ အထူး သီးသန့်ယာဉ်သည် စီးပွားရေး အရလည်း အကျိုးအမြတ် ရှိနေကြောင်းနှင့် အများပြည်သူ လက်ခံမှုများ လာပါက အစီးရေ ၃၀ အထိ ပြေးဆွဲရန် အစီအစဉ် ရှိကြောင်း သိရသည်။
ဆွေလဲ့မွန်
News Watch




No comments:

Post a Comment