ကြားဖြတ်ရွေးကောက်ပွဲ အသုံးစရိတ် ကျပ်ငွေ တစ်ဘီလီယံခွဲ ရှိတယ်လို့ဆို
မဲဆန္ဒနယ်တစ်နေရာကို ပျမ်းမျှ ကျပ် ၈၄ သန်းကျော် သုံးစွဲခဲ့တာပါ။
ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အသုံးစရိတ်အတွက် ကျပ်ငွေ တစ်ဘီလီယံခွဲ (၁ ဒသမ ၆ ဘီလီ ယံ)ကို အသုံးပြုခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း ကပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ အသုံးစရိတ်အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က သတင်းစာရှင်းလင်းပွဲတစ်ခုကို နေပြည်တော်မှာ ဧပြီ ၁၀ ရက်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
‘‘ ၁ ဒသမ ၆ ဘီလီယံကျပ် သုံးခဲ့တယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းက ၃၇ ဘီလီ ယံပါ’’ လို့ ဦးတင်ထွန်းက ပြောကြားခဲ့ပြီး အသုံးစရိတ်အသုံးပြုတာတွေနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြသွားမယ်လို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အသုံးစရိတ်တွေထဲမှာ တစ်အိမ်တက်ဆင်း မဲစာရင်းပြုစုတဲ့ လုပ်ငန်းစဉ်တွေ၊ မဲရုံမှူး၊ ဒုမဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေကို နေ့တွက်စရိတ်ပေးတာတွေ ပါဝင်တယ်လို့ ဦးတင်ဝင်းက ပြောပါတယ်။
ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲ အသုံးစရိတ်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ အသုံးစရိတ်ထက် ပိုမိုအသုံးပြုထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ နယ်အတွက် ကျပ် ၃၇ ဘီလီယံသုံးစွဲခဲ့ရာ တစ်နေရာအတွက် ကျပ် ၃၁ သန်းကျော် ပျမ်းမျှသုံးစွဲခဲ့တာပါ။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျပ် ၁ ဒသမ ၆ ဘီလီယံသုံးစွဲခဲ့တာကြောင့် တစ်နေရာကို ပျမ်းမျှကျပ် ၈၄ သန်းကျော် သုံးစွဲခဲ့တာပါ။
ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ် ပိုမိုလာတာက အသုံးစရိတ် ပိုမိုများခဲ့ရတဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ မုံရွာခရိုင်ရွေး ကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသောင်းဒန်က ပြောပါတယ်။
မဲရုံတစ်ရုံမှာ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင် စုစုပေါင်း အနည်းဆုံး ခုနစ်ဦးကနေ ၁၁ ဦးအထိရှိရာ မဲရုံမှူးတစ်ဦးကို ၅,၀၀၀ ကျပ်၊ ဒုမဲရုံမှူးတစ်ဦးကို ၄,၀၀၀ ကျပ်၊ မဲရုံအဖွဲ့ဝင် တစ်ဦးကို ၃,၀၀၀ ကျပ် နေ့တွက်စရိတ်ပေးခဲ့ပြီး မဲစာရင်း ပြုစုပြီးနောက် ပြည်သူတွေ ပြင်ဆင်ဖြည့်စွက်နိုင်ရေး လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်ရာ တာဝန်ကျပုဂ္ဂိုလ်တွေကို နေ့တွက်စရိတ်ပေးခဲ့တယ်လို့ သိရပါတယ်။
Source : MMTimes:7DayDaily,Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment