ရန်ကုန်သင်္ကြန်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ငါးထောင်ကျော်ချထား
ရန်ကုန်မြို့မှာ သင်္ကြန် လည်ပတ်သူတွေအကြား ခိုက်ရန်ဖြစ်ပွားတာတွေ ရှိလာရင် ပြင်းပြင်းထန်ထန် မထိခိုက်စေဖို့အတွက် သင်္ကြန်ကား တွေပေါ်မှာပါတဲ့ အရက်ပုလင်းခွံတွေနဲ့ တုတ်ဓားလက်နက်တွေကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းနေပါတယ်။
သင်္ကြန်လည်သူတွေ အနေနဲ့လည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ကြတဲ့အတွက် အဆင်ပြေချောမွေ့တယ်လို့ ပြည်လမ်းက သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေး တာဝန်ယူထားတဲ့ လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းက ပြောပါတယ်။
ဒါ့အပြင် သင်္ကြန်မဏ္ဍပ်တွေအနီးမှာ အရက်ဘီယာ တရားဝင်ရောင်းချခွင့်မပြုဘဲ၊ ဈေးဆိုင်တွေကိုလည်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။ မဏ္ဍပ်တွေလုံခြုံရေးအတွက် မနက်ပိုင်းမဏ္ဍပ်မဖွင့်ခင်နဲ့၊ နေ့လည် ထမင်းစားနားချိန်၊ ညနေ မဏ္ဍပ်ပိတ်ချိန်တွေမှာ မိုင်းရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ငါးထောင်ကျော်၊ လူမှုရေး အဖွဲ့ အစည်းတွေက အင်အား ၃ ထောင်ကျော်၊ စုစုပေါင်းအင်အား ၈ ထောင်ကျော်နဲ့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment