Latest News

Sunday, April 16, 2017

မာရုသာမုန်တိုင်းအန္တရာယ်ရှိနေစဉ် ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြစ်ကြောင်းသွားရေယာဉ်များ ခရီးစဉ်ပြေးဆွဲခြင်းလုံဝမပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထား

မာရုသာမုန်တိုင်းအန္တရာယ်ရှိနေစဉ်
ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး
အတွင်းရှိ မြစ်ကြောင်းသွားရေယာဉ်များ ခရီးစဉ်ပြေးဆွဲခြင်းလုံဝမပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားသည်။

မြစ်ချောင်းနှင့် ပင်လယ်အတွင်း
ရောက်ရှိနေသော ရေယာဉ်များ
အနေဖြင့်လည်း မုန်တိုင်းရှောင်
နေရာများတွင် တိမ်းရှောင်နေရန် 
အဆင့်ဆင့် အသိပေးအကြောင်းကြား
ထားကြောင်းဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ရေယာဉ်များအား မုန်တိုင်းအန္တရာယ်
ကင်းရှင်းမှသာ ပြန်လည်ပြေးဆွဲခွင့်
ပြုမည့်စာ ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးဝင်းဌေးက ဆက်လက်ပြောသည်။ မာရုသာမုန်တိုင်းသည် ယနေ့ညတွင် ရခိုင်ပြည်နယ် သံတွဲမြို့အနီး
ဝင်ရောက်မည်ဖြစ်၍ အန္တရာယ်ကင်းရာနေရာသို့ တိမ်းရှောင်နေကြရန် အနီရောင်အဆင့် သတိပေးချက်ကို မိုး/ဇလက ထုတ်ပြန်ထားသည်။ ယနေ့ညတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်
အပါအဝင် မြို့အများစု၌ မိနစ်ပိုင်းသာ
ကြာသည့် နေရာကွက် မိုးကောင်းနေမှု မကြာခဏဖြစ်နေကာ တစ်ခါတစ်ရံတွင် လေပြင်းပါ တိုက်ခတ်သည့်အခြေအနေ ဖြစ်ပေါ်နေသည်။ 

လပွတ္တာမြို့တွင် ကမ်းကပ်ထားသော ရေယာဉ်အချို့နှင့် လေပြင်းကြောင့် ပျက်ဆီးမှုအချို့အားတွေ့ရစဉ် 
သတင်း - အောင်သစ်လွင်
7Daydailyထားသည်။

7Daydaily
  
No comments:

Post a Comment