Latest News

Sunday, April 23, 2017

အမေရိကန်အထက်တန်းကျောင်းတချို့မှာ မြန်မာဘာသာ တရားဝင်ပြဋ္ဌာန်းမည်

အမေရိကန်အထက်တန်းကျောင်းတချို့မှာ မြန်မာဘာသာ တရားဝင်ပြဋ္ဌာန်းမည်

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်က အစိုးရအထက်တန်းကျောင်းတွေမှာ မြန်မာဘာသာကို တရားဝင် ထည့်သွင်း ပြဋ္ဌာန်းတော့မယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ကို ဧပြီလ ၁၉ ရက်နေ့က လက်ခံရရှိခဲ့ပြီး၊ လာမယ့် သြဂုတ်လ ပညာသင်နှစ်ကစလို့ မြန်မာကျောင်းသား ထောင်ဂဏန်း ရှိတဲ့ East Allen မြို့က အထက်တန်းကျောင်း ၃ ကျောင်းမှာ စပြီး သင်ကြားပို့ချသွားမယ်လို့ ဖို့တ်ဝိန်းမြို့ အခြေစိုက် ကျောင်းဆရာတဦးဖြစ်တဲ့ ဦးကျော်သိန်းစိုးက ပြောပါတယ်။

အင်ဒီးယားနားပြည်နယ် အထက်တန်းကျောင်းတွေမှာ မြန်မာကျောင်းသူကျောင်းသား သောင်းနဲ့ချီ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ကျောင်းဆရာလုံလောက်မှု၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ တောင်းဆိုမှုတွေအပေါ် မူတည်ပြီး တခြား အထက်တန်းကျောင်းတွေမှာပါ မြန်မာစာ သင်ကြားတဲ့ အစီအစဉ် တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

လောလောဆယ် ပြည်နယ်အဆင့်မီ သင်ရိုးညွှန်းတမ်း ရေးဆွဲနေပြီး၊ သင်ကြားမှု အကူအညီအတွက် ရန်ကုန်မြို့က နိုင်ငံခြားဘာသာသင် တက္ကသိုလ်နဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အခုအစီအစဉ်ကြောင့် မြန်မာနိုင်ငံ တက္ကသိုလ်ကောလိပ်တွေက ကျောင်းဆရာတွေလည်း အမေရိကန်မှာ မြန်မာစာ လာရောက်ပို့ချနိုင်မယ့် အခွင့်အလမ်းသစ်တွေ ရရှိလာနိုင်တယ်လို့လည်း သိရပါတယ်ရှင်။

RFA

No comments:

Post a Comment