Latest News

Wednesday, April 26, 2017

ရန်ကုန်တိုင်းအတွင်း အခွန်တံဆိပ်ခေါင်း ဝယ်ယူသုံးစွဲမှုကနေ တစ်လကို ကျပ် ၉၅၃ သန်းရရှိ

ရန်ကုန်တိုင်းအတွင်း အခွန်တံဆိပ်ခေါင်း ဝယ်ယူသုံးစွဲမှုကနေ တစ်လကို ကျပ် ၉၅၃ သန်းရရှိ


ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန် တံဆိပ်ခေါင်းဝယ်ယူသုံးစွဲတာကနေ တစ်လကို ဝင်ငွေကျပ် ၉၅၃ သန်းရရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။
သည်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းရဲ့ ရန်ကုန်တိုင်းဒေ သကြီးအတွင်း အခွန်တံဆိပ်ခေါင်းဝယ်ယူသုံးစွဲတဲ့ ဆိုင်မည်မျှရှိသနည်းနဲ့ တစ်လတံဆိပ်ခေါင်း မည်မျှရောင်းရလဲဆိုတဲ့ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
အခွန်တံဆိပ်ခေါင်းများကပ်တဲ့ ဥပဒေကို ၂၀၁၄ ခုနှစ်မှာစတင်ခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းအခွန် တံဆိပ်ခေါင်း ၁၅၀၈ ဆိုင်ရှိခဲ့ပြီး ၂၀၁၆ – ၂၀၁၇ ခုနှစ်မှာတံဆိပ် ခေါင်းအသုံးပြုတဲ့ဆိုင် ၂၂၆၅ ဆိုင်ရှိခဲ့ပါတယ်။ တံဆိပ်ခေါင်း အသုံးပြုတဲ့ဆိုင် ၇၅၇ ဆိုင်တိုးတက်ခဲ့တယ်လို့သိရပါတယ်။  သည်နှစ်အတွက်တံဆိပ်ခေါင်းခွန်ကောက်ခံရရှိငွေက ကျပ် ၁၁ ဘီလျံကျော် ရရှိခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်းအသုံးပြုတဲ့ ဆိုင်များရှိနေသော်လည်း စားသုံးသူပြည်သူများအပေါ်မှန်မှန် ကန်ကန်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အခွန်ငွေ ပိုမိုရရှိရန်ဆောင်ရွက်သင့်ကြောင်း ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက စား သောက်ဆိုင်၊ ဘီယာဆိုင်၊ ထမင်းဆိုင်ကြီးများမှာ လာရောက်စားသုံး သူတွေက စားသုံးလိုက်တဲ့ ကုန်ကျငွေရဲ့ငါးရာခိုင်နှုန်းကိုအခွန် အဖြစ်ပေးဆောင်နေရတာ ဖြစ်ပါတယ်၊ အခွန်တံဆိပ်ခေါင်းကပ်ပေးဆောင်နေကြတာဖြစ်ပါတယ်၊ ဆိုင်ရှင်တွေက တာဝန်ယူကောက်ခံရာမှာ ဆိုင်ရှင်တွေက စားသုံး သူများထံက အမြတ်ရရှိပြီးလဲဖြစ်ပါတယ်၊ ဝန်ဆောင်ခအနေနဲ့ ၁၀ ရာခိုင်နှုန်း ထပ်မံ ကောက်ခံနေတဲ့ ဆိုင်တွေလဲရှိပါတယ်၊ အဆိုးဆုံးကတော့ စားသုံးသူတွေက အစိုးရထံကိုပေးဆောင်ရသော အခွန်တံဆိပ်ခေါင်းတွေကို မှန်မှန်ကန်ကန်ကပ်ပေးမှုမရှိခြင်းပဲဖြစ် ပါတယ်၊ တချို့ဆိုင်တွေက လုံးဝကပ်မပေးခြင်းလဲ ရှိပါတယ်လို့ ပြောပါတယ်။
တချို့ဆိုင်တွေကအလွယ်တကူ ပြန်လည်ခွာယူပြီးတော့ သုံးစွဲလို့ရ အောင်ကပ်ပါတယ်။ စားသုံးသူတော်တော်များများက ပြေစာတွေကို ပြန်မယူသွားတဲ့အတွက် တံဆိပ်ခေါင်းတွေကို ပြန်လည်အသုံးချတယ်လို့ ဆိုင်ဝန်ထမ်းတွေ ရဲ့ ပြောပြချက်အရသိရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆက်လက် ပြောကြားပါတယ်။
အခွန်ငါးရာခိုင်နှုန်းပေးဆောင်တဲ့ တံဆိပ်ခေါင်းတွေကပေးပြီးကြောင်း တံဆိပ်နှိပ်တာ၊ ဘောပင်နဲ့ ခြစ်တာတွေဆောင်ရွက်ရပေမဲ့ သည်လိုမျိုးလုပ်ဆောင်ထားခြင်းမတွေ့ရဘူးလို့ သိရပါတယ်။ စားသုံးသူတွေက ဘယ်လောက် ကျကြောင်း ဘောက်ချာကိုတောင်း လေ့တောင်းထမရှိလို့ ငွေရှင်းထားတဲ့ဘောက်ချာက အခွန်တံဆိပ် ခေါင်းတွေကို ပြန်အသုံးပြုတာတွေလည်းရှိနေပြီး ဆိုင်တချို့က စားသုံးသူနဲ့ အစိုးရကြားမှာအခွန်ဆောင်တဲ့ဟာကို ကြား ကနေအမြတ်ထုတ်နေတဲ့ပုံစံဖြစ်နေတယ်လို့ လွှတ်တော်မှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အခွန်ကောက်ခံ တဲ့နေရာမှာ အခွန်ကောက်ခံမှုပြေစာထုတ်မပေးတဲ့ ဆိုင်တွေလဲ ရှိပါတယ်၊ အခွန်တံဆိပ်ခေါင်းကို မကပ်တာတွေလဲရှိတယ်၊ ဖြစ်သလို လုပ်ဆောင်မှုတွေကြောင့် အခွန်ငွေလေလွင့်မှုတချို့လဲ ရှိနေတယ်၊ ဒါကြောင့် စစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ဖွဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ အရ အရေးယူခဲ့တာတွေလဲရှိတယ်လို့ ပြောပါတယ်။

ပို့ပို့မြင့်မွန်(Kumudra)

No comments:

Post a Comment