သင်္ကြန်ကာလအပြီး ကျောက်စိမ်းဈေးနှုန်းကျဆင်း
မဟာအောင်မြေ ဧပြီ ၁၉
မဟာသင်္ကြန်ကာလအပြီး မန္တလေးမဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်းတွင် လက်ကောက်၊ လွှာချပ်၊ ပုတီးပြုလုပ်ရန်လာရောက်ဝယ်ယူကြသော ပြည်တွင်းကျောက်စိမ်းအချောထည်လုပ်ငန်းပြုလုပ်သူများလာရောက်ကြပြီး ကုန်ကြမ်းကျောက်စိမ်းအရိုင်းများသာ ဝယ်ယူမှုရှိသည်။
မဟာသင်္ကြန်ကာလ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းပိတ်သဖြင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်(တိုင်ပေ)မှ ကျောက်စိမ်းအချောထည်ဝယ်လက်များ၊ ကျောက်စိမ်းအပွင့်၊ လက်ကောက်ဝယ်လက်များ နေရပ်သို့ခေတ္တပြန်သွားကြသဖြင့် ဈေးကွက်အေးလျက်ရှိသည်။
မဟာအောင်မြေမြို့နယ် ၈၇ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အတစ်စဝိုင်း၊လွှာချပ်ဝိုင်း၊ ခဲဝိုင်း၊ ဂွင်းဝိုင်းတို့တွင်လည်း ဖားကန့်ဒေသမှော်များမှ ကျောက်စိမ်းအကြမ်းထည်များမရောက်ရှိခြင်းကြောင့် ရောင်းအားနည်းပါးပြီး အရောင်းအဝယ် အေးစက်နေသည်။
သင်္ကြန်အပြီး တရုတ်ငွေဈေးအတက်အကျမရှိသော်လည်း ငွေဖော်လိုသူများ၊ ပြည်တွင်းကျောက်စိမ်းဝယ်လက်များထံ လျှော့ဈေးဖြင့်ရောင်းချနေရသည်။ ကျောက်မျက်ရတနာဈေးပတ်လည်ရှိ သွေးခုံ၊ ဖြတ်ခုံလုပ်ငန်းရှင်များလည်း လုပ်သားများ နေရပ်သို့ပြန်နေကြသဖြင့် လုပ်ငန်းများအေးလျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)MOI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment