" ဟဲ့ အငယ်မ .. မှန်တင်ခုံပေါ်က ငါ့မိတ်ကပ်ဗူးတွေ
ဘယ်ရောက်သွားတုန်း "
" ခဏ ပေါင်ထားတယ် မေမေ "
" ဘာ "
မာမီ ဒေါပွလေပြီ .. အနှစ်နှစ်အလလ
ထိန်းသိမ်းလာခဲ့တဲ့ ဒီမိတ်ကပ်ဗူး
ပွဲတက်ဖို့်ရှိမှသာ ထုတ်လိမ်းတတ်တဲ့ ဒီမိတ်ကပ်ဗူး
အခုတော့ ကျုပ်ညီမအငယ်ဆုံးရဲ့ လက်ချက်ကြောင့်
အပေါင်ဆိုင် ရောက်ရပြီလေ .. အပေါင်ဆိုင်ကို
ရောက်သွားရတဲ့ အကြောင်းရင်းကလည်း ဒီလို
" နင်က ဘာကိစ္စငါ့မိတ်ကပ်ဗူးကို
သွားပေါင်ရတာတုန်း "
" အာ .. သဘက်ခါ စိုင်းစိုင်းဘက်ဒေး လေ "
" အဲဒီတော့ "
" အာ့ .. သွားမို့ ပိုက်ဆံနည်းနည်းလိုနေလို့
ခဏပေါင်လိုက်တာ "
" ဟင် .. ပေါင်စရာရှားလို့ဟယ်
အခုငါ ပွဲသွားမို့ ဘာလိမ်းရတော့မှာလည်း "
" သနပ်ခါး လူးသွား "
" တောက် .. မိဘမျက်နှာကို
သနပ်ခါးသုပ်တဲ့ ကောင်မ "
" အွန့် "
အဲဒါ ကျုပ်ညီမ .. စိုင်းစိုင်းမှ စိုင်းစိုင်း
၂တန်းတည်းက အားပေးလာတာ ခုဆို ၂၄နှစ်ရှိပြီ ..
ဘယ်တော့မှ စိုင်းစိုင်းအပေါ်
အားပေးတာ မပျက်ခဲ့ဖူးဘူး .. စိုင်းစိုင်းဘာလုပ်နေလဲ
အင်တာနက်ကနေ အမြဲတမ်း စုံစမ်းတယ်
ဟော ..စိုင်းစိုင်း နှုတ်ခမ်းနီ တဲ့ ..တစ်ပတ်လောက်
မုန့်အငတ်ခံပြီး ပြေးဝယ်လိုက်ပြန်ပြီ.. နောက်တော့
အိုင်းရှဲဒိုးတဲ့ .. အာ့လည်း မရရင် အခုပဲ ကောက်သေ
တော့မလိုလိုလုပ်ပြလို့ ဝယ်ပေးရပြန်ပြီ ..နောက်ပြီး
ထွက်လာပြန်ပြီ စိုင်းစိုင်းရဲ့ ဘာဥ ဆိုလားပဲ
အဲဒါလည်း ကြိတ်ပြီး စုနေပုံရတယ် ..
သူ့အခန်းထဲမှာ ဥပုံတွေချည်းပဲ .. ခရေဇီဖြစ်တာကိုး
ခုလည်းကြည့်လေ စိုင်းစိုင်းဘက်ဒေးတဲ့
မသွားရ မနေနိုင် .. ရှိတာ ပေါင်နှံပြီး
သွားရဖို့ တာဆူနေပြီ .. သူ့ထက်ဆိုးတာကတော့
ကျုပ် မဟေသီ ..
ဖုန်းစခရင်မှာ စိုင်းစိုင်းပုံတင်ထားတယ်..
ဂယ်လာရီမှာလည်း သူ့ပုံအပြည့် .. ငတိမက
မထင်ရင် မထင်သလို ဖုန်းဖွင့်ပြီး လျှာနဲ့ လှမ်းလှမ်း
ယက်သေးတာ ..
ဘာလို့ အဲလိုလုပ်တာလည်း သွားမမေးမိစေနဲ့
ရာသက်ပန် ခများကို မုန်းသွားလိမ့်မယ် မှတ်
ကျုပ်ပုံများဘယ်ဂျောင်ကပ်နေမှန်းတောင် မသိဘူး
ကျုပ်ကလည်း ချစ်တော့ မပြောရဲဘူးလေ
ဒင်းကလည်း လုံးဝကို အပြောမခံတာပါ ..
တနေ့ကလည်း ကျုပ်ကို မူလဂျီ လာလုပ်တယ်
" ကိုကို စိုင်းစိုင်းဥ ဝယ်ပေး " တဲ့
" ဟမ် "
" အပန်းရောင်လေး လေ.. နော် "
" ဟယ် "
" ဝယ်ပေးမလား မဝယ်ပေးဘူးလား ပြော "
" ချစ်ကလည်းကွာ .. ကိုယ့်ဥရှိနေပြီပဲဟာ "
" ဟာ .. ကိုကိုက ဘယ်ဥပြောတာတုန်း "
" ကြက်ဥလေ "
" ချစ်က စိုင်းစိုင်းဥ "
" အင်းလေ .. ဘာ ဥလို့တုန်းလို့ "
" ဘယ်သိမတုန်း ချစ်လည်း
သိချင်လို့ ဝယ်ခိုင်းတာ "
" ဂစ် "
အဲဒ်ီဥက ဒီနားတင် လည်နေတာ .. သူသိလား
ဆိုတော့လည်း မသိဘူးတဲ့
ဘယ့်နှယ်ဗျာ ..မသိပဲနဲ့ ကျုပ်ကိုလာဝယ်ခိုင်းရလား
မဝယ်ပေးပြန်ရင်လည်း တငိုငို တရီရီနဲ့ဆိုတော့
ကျုပ်မှာ မကြီးမငယ်နဲ့ စတိုးဆိုင်သွားပြီး
" ကွီး .. ဥရှိလား "
ဆိုင်ရှင်အကိုကြီးရဲ့ ပါးနှစ်ဖက် နီရဲလာပြီး
ပုဆိုးတွေ ပြင်ဝတ်လိုက်တယ်
"နောက်တခါလောက် ပြန်မေးကြည့် ငါ့ညီ
ကွီး နားကြားလွဲသလားလို့ "
" ဥလေ .. ဥ ဥ "
ဆိုင်ရှင်အကိုကြီး ရဲ့ပေါင်၂ချောင်းပါ စေ့သွားတယ်
" တောက် .. ဒီမယ် ငါ့ညီ
မင်းလောက်အတင့်ရဲတဲ့ကောင်မျိုး
တသက်နဲ့တကိုယ်တခါမှ မတွေ့ဖူးဘူး "
" ဟာ .. မှားနေဘီ "
" မင်းပဲ ဥ ဆို "
" အင့်လေ .. စိုင်းစိုင်း ဥ ရှိလားမေးမို့ဟာ "
" ခွီး .. အစတည်းက ရှင်းအောင်မပြောဘူး
ရော့ .. ဒီမှာ မင်းသိပ်လိုချင်နေတဲ့ ဥ"
" ဟမ့် "
အဲ့ကျမှ စိုင်းစိုင်းဥဆိုတာ မိတ်ကပ်လိမ်းတဲ့ဖော့မှန်း
သိလိုက်ရတယ်
ဥလေးရ လာလို့ သေချာကြည့်လိုက်တော့လည်း
သိပ်တော့မထူးဆန်းပါဘူး သူလိုကိုယ်လိုပါပဲ
ကြက်ဥ ဘဲဥ နဲ့ ဆင်တယ်လေ
အဲ့ဒီချိန်က စ လို့ ကျုပ်မှာ ခုချိန်ထိ ညအိပ်ရင်
ဘုရားရှိခိုးပြီးမှ အိပ်ရတယ်.. ဟုတ်တယ်
ဟို စိုင်းစိုင်းဆိုတဲ့လူက ဘာပစ္စည်းတွေများ
ထပ်ထုတ်အုံးမလည်းဆိုပြီး ရင် တမမ နဲ့ နေရတာ
ညညဆို အိပ်တောင် မပျော်ဘူး
တော်ကြာ စိုင်းစိုင်းဥတွေအပြင်
စိုင်းစိုင်းသခွားသီး တို့ စိုင်းစိုင်းဝက်အူချောင်းတို့
ထပ်ထုတ်နေမှ ဒုက္ခ.. ထုတ်လည်း ထုတ်ပါစေတော့
ဘယ်တတ်နိုင်မလည်း ကျုပ်ကလည်း
စိုင်းစိုင်းကို ခရေဇီဖြစ်တဲ့ ငတိမလေးကိုမှ
ချစ်မိနေပြီကိုး
အန့်အောဘ !
(စိန်သောင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment