Latest News

Sunday, April 23, 2017

အမြန်လူစီးရထားနှင့် ထော်လာဂျီ တိုက်မှုဖြစ်ပွား

အမြန်လူစီးရထားနှင့် ထော်လာဂျီ တိုက်မှုဖြစ်ပွား

မော်လမြိုင် ဧပြီ ၂၃

မော်လမြိုင်ဘူတာမှ နေပြည်တော်ဘူတာသို့ စက်ခေါင်းမောင်း ဦးယဉ်မော်ဦး၊ ရထား ထိန်း ဦးမြတ်မိုးကျော်တို့ လိုက်ပါ တာဝန်ထမ်းဆောင်လာသော အမှတ်(၁၈) အစုန် မော်လမြိုင်-နေပြည်တော် အမြန်လူစီးရထားသည် ဧပြီ ၂၂ ရက် နံနက် ၁ဝ နာရီ ၅ မိနစ်က တောင်စွန်းဘူတာအဝင် ရထားလမ်းမိုင်တိုင်အမှတ်(၁ဝ၉/၁၄ မှ ၁၅)တွင် တရားမဝင် လှည်းလမ်းကူးဂိတ်၌ ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာနေ ဦးကျော် စိုးဦးက ထော်လာဂျီယာဉ်ပေါ်၌ အုတ်ခဲများတင်ဆောင် လာပြီး ဖြတ်သန်း မောင်းနှင် စဉ် အမှတ်(၁၈) အစုန် မော်လမြိုင်-နေပြည်တော် အမြန်လူစီးရထားစက်ခေါင်း အမှတ် DF.1641 ဖြင့် တိုက်မိကြောင်း သိရသည်။
အဆိုပါဖြစ်ပွားသည့်နေရာသို့တောင်စွန်း(ရုံပိုင်ကြီး)နှင့် ဝန်ထမ်းများက သွားရောက် စစ်ဆေးခဲ့ရာ ရထားနှင့် ထော်လာဂျီတိုက်မှုကြောင့် ထော်လာဂျီယာဉ် မောင်းနှင့် ရထားစီးခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထော်လာဂျီယာဉ်မောင်း ဦးကျော်စိုးဦးကို တောင်စွန်း(ရုံပိုင်ကြီး) ဦးသိန်းထွန်း က တောင်စွန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသဖြင့် တောင်စွန်းနယ်မြေရဲစခန်း က ဦးကျော်စိုးဦးကို အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
တင်ထွဋ်(မော်လမြိုင်)

No comments:

Post a Comment