အစိုးရအဖွဲ့အပေါ် လူထုအမြင်
ပြည်သူလူထု ရွေးကောက်တင်မြှောက်သော အစိုးရ၏ တစ်နှစ်တာ စွမ်းဆောင်ရည်အပေါ် ပြည်သူ များ၏ သဘောထားများကို 7Day News ဂျာနယ်က စစ်တမ်းငယ်တစ်ခု ကောက်ယူခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ၂၂ ဦးထဲမှ ပြည်သူလူထု ကြိုက်နှစ်သက်ဆုံး စွမ်းဆောင်ရည်ရှိသည့် ၀န်ကြီးငါးဦးနှင့် မနှစ်သက်ဆုံး ၀န်ကြီးငါးဦးကို စိတ်ကြိုက်ရွေးချယ်စေခဲ့သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များထဲမှ စွမ်းဆောင်ရည်အကြိုက်ဆုံးငါးဦးနှင့် မကြိုက်ဆုံးငါးဦးကို ရွေးချယ်စေခဲ့ပါသည်။ ဒေသအနှံ့တွင် နေထိုင်သော ပြည်သူများကို လူကိုယ်တိုင်၊ ဖုန်းဖြင့်၊ အွန်လိုင်းမှတစ်ဆင့် ကျပန်းဆက်သွယ်မေးမြန်းရာ ပြည်သူ ၁၄၄ ဦး၏ ဖြေဆိုမှုများ ရရှိခဲ့သည်။ သို့ဖြစ်ရာ အဖြေများကို စုစည်းတွက်ချက်ထားသည့် 7Day News ဂျာနယ်၏ စစ်တမ်းငယ်ကို စာဖတ်ပရိသတ်နှင့် အစိုးရအဖွဲ့ သိရှိရန် ဖော်ပြလိုက်ပါသည်။ ယခုစစ်တမ်းငယ်ကို ဖြေဆိုသူ ၁၀၀ ကျော်သာရှိပြီး နိုင်ငံတစ်ဝန်း ဖြန့်ကြက်မေးမြန်းထားသော စစ်တမ်းမဟုတ်သဖြင့် အဖြေအားလုံးသည် ပြည်သူများကို ကိုယ်စားပြုနိုင်မည် မဟုတ်သော်လည်း ပြည်သူအချို့၏ သဘောထားများ အစိုးရသိရှိရန် ဖော်ပြခြင်းဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးများ၏ စွမ်းဆောင်ရည်
ပြည်ထောင်စုဝန်ကြီး ၂၁ ဦး ရှိသည့်အနက် သမ္မတရုံးနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့ကို ပူးတွဲ တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်က စွမ်းဆောင်ရည်အ ကောင်းဆုံးဟု ပြည်သူ ၁၁၂ ဦးက ဖြေဆိုခဲ့သည်။ သို့ဖြစ်ရာ ပြည်သူ ၁၄၄ ဦးအနက် ၃၂ ဦးမှ လွဲ၍ ပြည်သူ ၁၀၀ ကျော်က စွမ်း ဆောင်ရည်အကောင်းဆုံးအစိုးရ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့ကြ သည်။ ဒုတိယမြောက်စွမ်းဆောင် ရည်အကောင်းဆုံးဝန်ကြီးအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွေးချယ် ခံရသည်။ ဖြေဆိုသူ ၁၄၄ ဦး အနက် တစ်ဝက်ခန့် (၅၈ ဦး)က သူ ၏ စွမ်းဆောင်ရည်ကို နှစ်သက်ခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည်ပြီး နောက် ဒုတိယမြောက်စွမ်းဆောင် ရည်အကောင်းဆုံး ၀န်ကြီးအဖြစ် သတ်မှတ်ခံရသည်။ သဘာဝဘေးအန္တရာယ်ကို နှစ်စဉ်ခံစားရ လေ့ရှိသော မြန်မာနိုင်ငံတွင် အဆိုပါဝန်ကြီးဌာန၏ အရေးပါမှုနှင့်ဝန်ကြီး၏ စွမ်းဆောင်ရည်ကို ပြည်သူများက သတိပေးထားမိခဲ့ခြင်း ဖြစ်သည်။
တတိယစွမ်းဆောင်ရည်အ ကောင်းဆုံးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဖြစ်သည်။ ဒုတိယနေရာမှ ဒေါက်တာဝင်းမြတ်အေးထက် ငါးမဲသာ လျော့နည်းခဲ့သည်။ မြန်မာနိုင်ငံတွင် ယခင်က ကြုံတွေ့ခဲ့ဖူးသည့် ဘာသာရေးအဓိကရုဏ်းများ အစိုးရသက်တမ်းတစ်နှစ်အတွင်း မဖြစ်ပွားအောင် စွမ်းဆောင်နိုင်ခဲ့သော ၀န်ကြီးလည်း ဖြစ်သည်။
အစိုးရသက်တမ်း ပထမတစ်နှစ်တာအတွင်း ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ သိသာစွာ အားကောင်းလာခြင်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီး ဒေါက် တာ မြင့်ထွေးကို စွမ်းဆောင်ရည် အကောင်းဆုံးဝန်ကြီး ငါးဦးစာရင်း တွင် ပါဝင်လာစေခဲ့သည်။ သူ သည် ၄၃ မဲဖြင့် စတုတ္ထနေရာ တွင် ရပ်တည်နိုင်ခဲ့သည်။
စွမ်းဆောင်ရည်အကောင်း ဆုံးဝန်ကြီးစာရင်းတွင် နံပါတ် (၅) နေရာမှ ပါဝင်လာခဲ့သူသည် ပြန် ကြားရေးဝန်ကြီး ဒေါက်တာဖေ မြင့်ဖြစ်သည်။ ၀န်ကြီးမဖြစ်ခင်က စာရေးဆရာဖြစ်ခဲ့သော ဒေါက် တာ ဖေမြင့်သည် သူ၏ စာဖတ် ပရိသတ်အခိုင်အမာရှိနေခြင်းက ၀န်ကြီးဘ၀ စွမ်းဆောင်ရည်အ တွက် ထောက်ခံမှုများ ရစေခဲ့ သည်။ ၀န်ကြီးဒေါက်တာဖေမြင့် ၏ စွမ်းဆောင်ရည်ကို ၄၁ ဦးက ကြိုက်နှစ်သက်သည်ဟု ဖြေကြားခဲ့သည်။
မကြိုက်ဆုံးဝန်ကြီးများ
မကြိုက်ဆုံးဝန်ကြီးများ စာ ရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေ သူမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ဖြစ်သည်။ အစိုးရသက်တမ်း ပထမတစ်နှစ် အတွင်း ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ်မှုခင်းများ၊ လွတ်မြောက်နေ ဆဲ တရားခံများနှင့် အတင့်ရဲလာ သော ရာဇ၀တ်ကောင်များကြောင့် ရဲတပ်ဖွဲ့၏ ၀န်ကြီးကို ပြည်သူလူထုက မကြိုက်ဆုံးစွမ်းဆောင်ရည်တွင် နံပါတ် (၁) နေရာပေးခဲ့သည်။ ပြည်သူ ၁၄၄ ဦး ဖြေဆိုရာတွင် ၈၁ ဦးက မကြိုက်ဆုံးစွမ်းဆောင်ရည်တွင် နံပါတ် (၁) နေရာပေးခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မကြိုက်ဆုံးဝန်ကြီး များစာရင်းတွင် ၆၆ မဲဖြင့် ဒုတိယ လိုက်သည်။ ပညာရေးစနစ်ကို သိသာစွာ ကောင်းမွန်တိုးတက် အောင် မဖော်ဆောင်နိုင်ခဲ့ခြင်း ကြောင့်ဟု မကြိုက်ဆုံးမဲပေးသူအ ချို့က ဆိုသည်။ နံပါတ် (၃)နှင့် (၄)ကို နယ်စပ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က ၄၉ မဲနှင့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး စိန်ဝင်းက ၄၈ မဲတို့ဖြင့် အစဉ်လိုက် ရပ်တည်သည်။ ပြည်သူတစ်ဦး၏ ဖြေကြားချက် တွင် ‘တချို့ဝန်ကြီးများသည် ပြည် သူက ရွေးချယ်တင်မြှောက်ထား ခြင်းမဟုတ်ဘဲ အခြေခံဥပဒေအရ ပါဝင်လာခြင်း’ဟု ပါရှိခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဒေါက်တာအောင် သူမှာ မကြိုက်ဆုံးစာရင်းတွင် ၄၅ မှတ်ဖြင့် နံပါတ် (၅)ချိတ်ခဲ့သည်။ လက်ဖက်ရည်တစ်ခွက် လျှော့ သောက်ခိုင်း၍ဟု ဖြေသူရှိသလိုဌာနတွင်း လုပ်ငန်းများ ကိုင်တွယ် ရာတွင် အားနည်းသောကြောင့်ဟု မှတ်ချက်ပေးသူလည်း ရှိသည်။
ထူးဆန်းသည်မှာ စွမ်း ဆောင်ရည်မကြိုက်ဆုံး ဝန်ကြီး များ၏ အမည်စာရင်းတွင်လည်း မဲအနည်းငယ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးအောင်ကို၊ ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် စွမ်းဆောင်ရည် အကြိုက်ဆုံး မဲအများဆုံးရရှိထားသူများ ပြန် လည်ပါဝင်လာနေသည်ကို တွေ့ ရသည်။ ထို့အပြင် ကျန်ဝန်ကြီး အားလုံးလည်း မကြိုက်ဆုံးစာရင်း တွင် မဲအနည်း၊ အများသာ ကွာ ပြီး ပါကြလေသည်။
အကြိုက်ဆုံးဝန်ကြီးချုပ်များ
စွမ်းဆောင်ရည် အကောင်း ဆုံးဝန်ကြီးချုပ်ကို ပြည်သူများက မဲပေးခဲ့သည်မှာ စိတ်လှုပ်ရှားဖွယ် အခြေအနေဖြစ်သည်။ စွမ်း ဆောင်ရည်အကောင်းဆုံးစာရင်း တွင် ဧရာဝတီ၊ ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့က အပြိုင်ဖြစ်ခဲ့သည်။ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ က ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ကို တစ်မှတ်အသာဖြင့် နံပါတ်(၁)နေရာကို ရယူနိုင်ခဲ့သည်။ ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ် မန်း ဂျော်နီကို ၇၄ ဦးက ကြိုက်နှစ် သက်ကြောင်း မဲပေးခဲ့သော်လည်း ဘာကြောင့်ကြိုက်သည်ကိုမူ မှတ် ချက်ပြုသူနည်းပါးခဲ့သည်။ ၇၃ မဲ ရရှိသူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုမူ မှတ်ချက်ပြုမှုများ ပလူပျံခဲ့သည်။ သူ၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသည့် အပြောင်းအလဲကို ဖော်ဆောင်လို စိတ်ကို နှစ်သက်ကြောင်း မှတ် ချက်ပြုခဲ့သည်။ သို့သော် YBS ယာဉ်လိုင်းကိစ္စတွင်မူ ကြိုက် သူရော၊ မကြိုက်သူပါ ရောပြွမ်း ခဲ့သည်။ ၇၃ မဲရရှိသူ မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒေသအသံကို နားထောင်ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးသူအဖြစ် မှတ်ချက် ပြုခဲ့သည်။ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင် မိုးညိုက ၆၇ မဲဖြင့် စွမ်းဆောင်ရည် အကောင်းဆုံးဝန်ကြီးချုပ် ငါးဦး စာရင်းတွင် ပါဝင်ခဲ့သည်။ သူ သည် ဆောက်လုပ်ရေးတင်ဒါများ ကို စိစစ်ရာမှ ၁၀ ဘီလီယံကျော် ပိုထွက်လာပြီး ယင်းငွေများကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲစေခဲ့ခြင်းက သူ၏ အကောင်း ဆုံး စွမ်းဆောင်ရည်ဖြစ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်က ၆၁ မဲဖြင့် အကောင်းဆုံးစွမ်းဆောင် ရည်စာရင်းတွင် နံပါတ် (၅) ချိတ် သည်။ ကွင်းဆင်းစစ်ဆေးပြီး ပြည်သူ့အသံနားထောင်ခြင်းက ၎င်းကို ကြိုက်နှစ်သက်ရသည့်အကြောင်း ဟု အသက်(၅၃)နှစ်အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
မကြိုက်ဆုံးဝန်ကြီးချုပ်များ
ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်က ၆၄ မဲ ဖြင့် မကြိုက်ဆုံးဝန်ကြီးချုပ်စာရင်း တွင် ထိပ်ဆုံးမှ ဦးဆောင်သည်။ ‘တိုင်းရင်းသားလူမျိုးစု ဘ၀များ အတွက် ထိထိရောက်ရောက် အ ကောင်အထည်ဖော် စွမ်းဆောင် နိုင်ခြင်း မတွေ့ရသောကြောင့် ကြိုက်နှစ်သက်မှုမရှိပါ’ဟု အ သက် (၄၀) အရွယ် အမျိုးသားတစ် ဦးက ဖြေဆိုထားသည်။ ဒုတိယ နေရာမှလိုက်သည်မှာ အကြိုက် ဆုံးစာရင်းတွင်လည်း ဒုတိယနေ ရာမှ ရှိနေခဲ့သည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဖြစ် သည်။ ဖြေဆိုသူ ထက်ဝက်နီးပါး ဖြစ်သည့် ၅၅ ဦးက သူ့ကိုမကြိုက် ကြောင်း ဖြေကြားခဲ့သည်။ ‘ငယ် ရွယ်၍ ထက်မြက်သော်လည်း လုပ်ချင်ရာလျှောက်လုပ်နေသည်’ ဟု အသက် (၃၀) အရွယ် အမျိုး သားတစ်ဦးက ဦးဖြိုးမင်းသိန်းကို မကြိုက်သည့်အကြောင်း မှတ် ချက်ပေးသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကို ၅၂ ဦးက မကြိုက်ခဲ့၍ စွမ်းဆောင်ရည် မကောင်းသော ၀န်ကြီးချုပ်စာရင်းတွင် တတိယ ဖြစ်ခဲ့ရသည်။ ‘ဘင်္ဂါလီအရေး မ ရှင်းနိုင်သေးပါ’ဟု မှတ်ချက်ပြုခဲ့ ကြသည်။ ရှမ်းပြည်နယ် ၀န်ကြီး ချုပ် ဒေါက်တာလင်းထွဋ်က မ ကြိုက်ဆုံးစာရင်းတွင် ၅၁ မဲဖြင့် စတုတ္ထနေရာတွင်ရှိနေခဲ့သည်။
မကြိုက်သည့်အကြောင်းကိုရှမ်းပြည်နယ် (မြောက်ပိုင်း) မ အေးချမ်းမှုကို မှတ်ချက်ပြုခဲ့ကြ သည်။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦး ၀င်းသိန်းကမူ မဲပေးသူ ၅၀ ဦးဖြင့် စွမ်းဆောင်ရည် မကောင်းဆုံး ၀န်ကြီးချုပ်နေရာတွင် နံပါတ် (၅) ချိတ်ခဲ့သည်။ တိုင်းဒေသကြီးအ တွင်း ဖွံ့ဖြိုးတိုးတက်မှုနည်းပါး သည်ဟု မှတ်ချက်ပြုသူအချို့က ဆိုခဲ့သည်။
(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment