Latest News

Monday, April 3, 2017

အလောင်းမင်းတရားကြီး၏ ရွှေပေလွှာအား ယူနက်စကို၏ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် မှတ်တမ်းလွှာတွင် အပြီးသတ် ထည့်သွင်း

အလောင်းမင်းတရားကြီး၏ ရွှေပေလွှာအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Foreign Affairs Myanmar)
    ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

    အလောင်းမင်းတရားကြီးမှ ဗြိတိသျှဘုရင် ဒုတိယမြောက် ဂျော့ဘုရင်နှင့် ဟန်နိုဗာမြို့စားသို့ ၁၇၇၆ခုနှစ်က ပေးပို့ခဲ့သည့် ရွှေပေလွှာအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ၏ Memory of the World Register တွင် အပြီးသတ် ထည့်သွင်း နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။


ထိုရွှေပေလွှာကို အလောင်းမင်းတရားကြီးက King George the Second of Great Britain ထံသို့ ပေးပို့ခဲ့ပြီး ရွှေပေလွှာပေါ်တွင် ၄င်း၏ မင်းနေပြည်တော်အတွင်း ကုန်သွယ်မှုစခန်းတစ်ခု ဖွင့်လှစ်ရန်နှင့် နှစ်နိုင်ငံအကြား ချစ်ကြည်မှုအဓွန့်ရှည်ရေး ရှေးရှုဆောင်ရွက်ရန် ဖော်ပြထားကြောင်း သိရသည်။


ယူနက်စကို၏ မှတ်တမ်းလွှာကို အလောင်းမင်းတရား၏ ရွှေပေလွှာအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပေးရန် အဆိုပြုခဲ့သည့် ဗြိတိသျှစာကြည့်တိုက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဟန်နိုဗာမြို့Gottfried Wilhlem Leibniz စာကြည့်တိုက်တို့၏ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရွှေပေလွှာ၏ 3D ပုံရိပ်ဖြင့် Digital Version ကို မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

ဒုတိယမြောက်ဂျော့ဘုရင်သည် ရွှေပေလွှာအား ၄င်း၏ မွေးရပ်မြေဖြစ်သည့် ဟန်နိုဗာမြို့ပြတိုက်တွင် သိမ်းဆည်းရန် ပေးပို့ခဲ့ကြောင်း နှစ်ပေါင်း ၂၅၀ အကြာတွင်မှ ရွှေပေလွှာသည် မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကမ္ဘာ့ နိုင်ငံရေးကို မီးမောင်းထိုးပြသနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်း ဖြစ်ကြောင်း သိရှိခဲ့ပြီး မြန်မာ-ဂျာမနီနိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့် အခမ်းအနားတွင် ဂျာမနီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြသခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment