မြောက်ကိုရီးယားကို တိုက်ဖို့ ကန် စစ်သင်္ဘော လက်လှမ်းမှီပြီ
အမေရိကန်တပ်မတော်ရဲ့ ပစိဖိတ်ဒေသ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Harry Harris ဟယ်ရီ ဟဲရစ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ဟာ အမေရိကန်ပြည်ထေင်စုကို နျူးကလီးယာလက်နက် ထိပ်ဖူးတပ်ဒုံးပျံနဲ့ တိုက်ခိုက်ရေးအတွက် အထူးကြိုးစားနေတာ အမှန်တကယ်ဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား တင်းမာမှုဟာ အဆိုးဝါးဆုံးအဆင့်ကို ရောက်ရှိနေကြောင်း မနေ့က ပြောကြားပါတယ်။
အရှေ့အာရှဆိုင်ရာ အမေရိကန် အထူးသံတမန်တဦးဖြစ်တဲ့ Susan Thornton စူဆန် သွန်းတန် ကလည်း မြောက်ကိုရီးယားပြသနာကို ငြိမ်းချမ်းစွာအဖြေရှာဖို့ မိမိတို့ အစွမ်းကုန်ကြိုးစားမှာဖြစ်ကြောင်း ဒါပေမယ့် တခြားနည်းလမ်းအားလုံးကိုလည်း ထည့်သွင်းစဉ်းစားနေကြောင်း မနေ့က ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်ကို ဦးတည်ခုတ်မောင်းနေတဲ့ အမေရိကန် လေယဉ်တင်သင်္ဘော Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုဟာ သမတထရမ့် က အမိန့်ပေးရင် မြောက်ကိုးရီးယားကို တိုက်ခိုက်ဖို့ လက်လှမ်းမှီတဲ့နေရာရောက်နေပြီလို့လည်း ဗိုလ်ချုပ်ကြီး ဟဲရစ်ကပြောပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားနဲ့ နယ်စပ်ကပ်ရက်မှာ မြောက်ကိုရီးယားက ဒုံးကျည်အမြောက်တွေ ထောင်ပေါင်းများစွာ ချထားတဲ့အတွက် အဲဒီဒုံးကျည်တွေကို တပြိုင်နက် ပစ်လွှတ်လိုက်မယ်ဆိုရင် ကာကွယ်ဖို့ အင်အားအလုံအလောက် မိမိတို့မှာ မရှိဖူးလို့ သူက ပြောပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၂ သောင်း ၈ ထောင်ကျော် ရောက်ရှိနေပါတယ်။
ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံမှာ ဓါတ်ဆီဈေးတွေ တဟုန်ထိုးတက်နေပါတယ်။ အရင်က ဓါတ်ဆီ ၁ ကီလိုကို ကန် ဒေါ်လာ ရ၅ ဆင့်ခန့်ရှိရာကနေ အခု ၁ ဒေါ်လာခွဲလောက်ဖြစ်နေပြီး ဓါတ်ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့ ရောင်းနေတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားမှာ သုံးစွဲနေတဲ့ ဓါတ်ဆီအများစုကို တရုတ်ပြည်က တင်ပို့နေတာဖြစ်ပြီး အခု အရင်ကလောက် မပို့တော့ဖူးဆိုတဲ့ ကောလဟလတွေ ပျံ့နှံ့နေပါတယ်။RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment