မပြောလို့ မပြီးလို့ …
သတိဆိုတာ ပိုတယ်မရှိပါဘူး ။
ဖြစ်စဉ်က နှစ်ခုပါ…
ညီမတစ်ယောက်က စူပါမားကဒ်တစ်ခုမှာ အလုပ်လုပ်တော့ သူ အလုပ်ဂျူတီ ဟာ ၃ ရက်တစ်ခါလောက် ည ၉ နာရီမှ ပြီးတယ်။
အလုပ်က မြို့ထဲမှာ ပြန်ရတာက ကျွဲဆည်ကန် ဘက်။
ဟိုလွန်ခဲ့သော နှစ်ရက်က သူ အိမ်ပြန်တော့ … သူ အနောက်ကို မသင်္ကာ ဖွယ်ရာ ဆိုင်ကယ် ၂ စီး ကပ်လိုက်လာတယ် လို့ ဆိုတယ်။
ဆိုင်ကယ်နှစ်စီး ကို ပြတိုက်ကျော်တော့ သတိထားမိလိုက်တယ်။
ဒါနဲ့ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းတော့ သကောင့်သား များ က လိုက်နှေးတယ်။ ပြတိုက်နားဆိုတော့ လူသူ မပြတ်တော့ အနားသိပ်မကပ်ရဲဘူး။
ဒါနဲ့ ဖြေးဖြေးလေး ရပ်မသိမသာ ရပ်လိုက်တော့ ဆိုင်ကယ်နှစ်စီး ဟာ ကျော်သွားပြီး ရူးသလိုကြောင်သလို လုပ်တယ်။ သူတို့ နဲ့ဝေးတော့မှ ဆိုင်ကယ် မောင်းထွက်လာတော့ …ယခင် ၂၄ နာရီ ဆီဆိုင်ဒေါင့် ကျ စောစောက ဆိုင်ကယ်နှစ်စီး ဟာ အနောက်ကနေ မရောင်မလည်ပါလာတယ်တဲ့……
ဒါနဲ့ မောင်း လာရင်း အနားကပ်လာတော့ ညီမဖြစ်သူ ဟာ သတိရှိသူ ပီပီ ဆိုင်ကယ် ကို လူသူရှိရာ ဘက်ကို စပိတင်မောင်းလိုက်ပြီး အော်မယ် လုပ်တော့ ဆိုင်ကယ်နှစ်စီး ဟာ မောင်းပြေးသွားတယ်။
ခန့် မှန်း လူတွေကို လှမ်းကြည့်တော့ အသက် ၂၀ အရွယ် ချာတိတ်တွေလို့ ဆိုတယ်။
ဒါတောင် သူမ ကျွဲဆည်ကန် ရွှေမိုးစတိုး ကျော်တော့ သကောင့်သားတွေ ဟာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်နေတယ်တဲ့လေ။
ကျွန်တော်ကို ဖြစ်စဉ်ပြောပြတော့…
" ညီမလေး လမ်းမှာ လာနေစဉ် လှည့်ကင်း ဖြစ်ဖြစ်… အကူညီတောင်းစရာ ရဲကင်း ဖြစ်ဖြစ် မမြင်ဘူးလား "ဆိုတော့… မရှိဘူး မီးပွိုင့်မှာ ယာဉ်ထိန်းတောင်မရှိ ဘူး ဟု။
ဒါတောင် မြို့ထဲဘက်က သွားတဲ့ ဘက်ကမီးအလင်း ရောင် နဲ့ လူသူ သိတ်မပြတ်ပေမယ့်… တဖက်လမ်း ကျွဲဆည်ကန် ဘက်က မြို့ထဲ ကို လာတဲ့ ဆိုင်ကယ်လမ်း က မှောင်ရိပ်များပြီး ည ဆိုမီး မရှိလို့  တော်ရုံ မိန်းကလေးတွေ ည မှောင်ရင်မသွားဘူးတဲ့။
တချို့ အမှောင်များမှာ အခြောက်မ ဈေးကွက်ကလည်း အလုပ်ဖြစ်နေပြန်ရဲ့ ……
ကျွန်တော် တစ်ချက်တင်ပြပါရစေ။
လုယက်မှုတွေ သောင်းကျန်နေချိန် မှာ အလီဘိုင်ပြ စစ်ဆေးရေး တွေ တားပြီး လုပ်နေတာထက်စာရင်… လှည့်ကင်းများ (သို့ ) ရဲအစောင့် ကင်း များ ဒုစရိုက်မှု ဖြစ်နိုင်ဖွယ်နေရာ များ မှ ရပ်ကွက်လုံခြုံရေး များ နဲ့ ချပေးထားသင့်တယ်လို့ ။
ဒုတိယဖြစ်စဉ်…
ဒါကတော့ ဒီနေ့  ယူနီကွက် ကဖေး မှာ ဟန်ဝင်းအောင် Hann Win Aung Hann Win Aung ..ဦးဇင်း မိုးသု Ashin Khema Nanda တို့ နဲ့ လက်ဖက်ရည်သောက်တော့ ဟန်ဝင်းအောင် က ပြောပြတာပါ။
တစ်နေ့  ညနေ က ငါသူငယ်ချင်း ညီမ တစ်ယောက် သိပံ္ပလမ်း နဲ့ ၅၇ လမ်းဒေါင့် မှာ ဓါးထောက်လုသွားတယ်တဲ့။
ဖြစ်စဉ်က…
ကလေးမ ဟာ ကလက်ဘီး နဲ့ အိမ်ကို ည ၉ နာရီကျော်လောက်မှာ အပြန်… ဆိုင်ကယ်နှစ်စီး လူသုံးယောက်ဟာ သူမ ဆိုင်ကယ်နား ကပ်လာပြီး… သူမ စီးလာတဲ့ ဆိုင်ကယ်ကို ဟန်ချက်ပျက်အောင် တွန်းရိုက်လိုက်တယ်တှဲု…
ဆိုင်ကယ် လှဲမသွားပှဲ အရှိန်သတ်လိုက်စဉ်…
ထို ဆိုင်ကယ်သမားများထဲ က အနောက်က ထိုင်လာသူက…
သူမ ဆိုင်ကဟ်အနောက်က ခွထိုင်ပြီး…… ခါး ကို ပါလာတဲ့ ဓါးနဲ့ထောက်ထားတယ်။
"နင်အော်တာ နဲ့ ဓါးနဲ့ထိုးပစ်မယ်။ ဆိုင်ကယ်ကို မသိမသာ လမ်းဘေးရပ်…ဝတ်ထားတဲ့ ဆွဲကြိုး နဲ့ လက်စွပ် ချွတ်ပေးစမ်း "ပြောပြီး ဓါးထောက်လုသွားတာ ကာလတန်ကြေး နှစ်ခုပေါင်း ၁၅ သိန်းလောက်တန်တယ် ပြောတယ်။
ဒါတောင် နားမှာ ဝတ်လာတဲ့ နားကပ်ကို မမြင်လို့ တဲ့။
ပိုက်ဆံအိတ် နဲ့ ဖုန်း က ဆိုင်ကယ်တူးဘောက်မှာ ထဲထားလို့ ပါမသွားတာတဲ့………
ကဲ ဖြစ်စဉ်က ဒါပါပဲ။
အချိန်မတော်လမ်းထွက်ရလားလို့  တစ်ယောက်တည်း လူပြတ်ရာနေရာ သွားရလားလို့  ချီးဦးနှောဏ်နဲ့တော့ မဝေဖန်ပါနဲ့…
ကျွန်တော်တို့ နေထိုင်နေရာသည် လူတွေနေတဲ့မြို့ပါ။
သူ အကြောင်းအရာ နဲ့ သူတော့ သွားလာနေကြမှာပါ။
အဓိက ကတော့ ဒီလို ခိုးဆိုးလုယက်သူတွေ ဟာ ဘယ်လို လူတန်းစား တွေ ဆိုတာ ရဲတွေသိနိုင်ပါတယ်။
ညည လမ်းမှာ ရှောင်တခင် စပလိုင်းချက် လုပ်ပြနေတာထက်…
ပြည်သူ ရဲ အနေ နဲ့ ကလည်း လောက်ဌမှုမရှိဘူး ဆိုရင် ပြည်သူနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သင့်နေပါပြီ။
လူ အသွားအလာ ပြတ်သောနေရာများတွင် ပတိတရေင် ကင်းများ လှည့်ကင်းများ အများပြည်သူ အန္တရာယ်ဖြစ်လာပါက ကူညီနိုင်ရန် ရဲကင်း များ ကို ရပ်ကွက်ခံ လူငယ်များနဲ့ ပေါင်းပြီး ချမှတ်သင့်နေပါပြီ။
မန္တလေးမြို့ရဲ့ မလုံခြုံမှု ဟာ ညည စပလိုင်းချက် လုပ်နေရုံနဲ့ အန္တရာယ်ကင်းမသွားဘူး ဆိုတာ ကတော့ အသေအချာပါပဲ။
ဒေသဆိုင်ရာ လုံခြုံရေး အများပြည်သူများ ညအချိန် အန္တရာယ်ကင်းရှင်းရေးဟာ ပြည်ထဲရေး မှာ တာဝန်ရှိနေပါပြီ လို့ တင်ပြပေးရင်း……
ကျွန်တော်တို့ ကို အကူညီလိုအပ်ပါက အချိန်မရွေး တောင်းနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
Credit Pyae Sone Aung(မီးစက်ကြီး)
No comments:
Post a Comment