Latest News

Sunday, April 23, 2017

တစ်နိုင်ငံလုံးက တရားခံပြေးတွေရဲ့ ဓာတ်ပုံတွေကို ရပ်ကွက်ကျေးရွာတွေအထိ ဖြန့်ပြီး ဖမ်းဆီးနေ

တစ်နိုင်ငံလုံးက တရားခံပြေးတွေရဲ့ ဓာတ်ပုံတွေကို ရပ်ကွက်ကျေးရွာတွေအထိ ဖြန့်ပြီး ဖမ်းဆီးနေ

တရားခံပြေးတွေဟာ  မှုခင်းကျူးလွန်ဖို့ အလားအလာရှိတဲ့  ပုဂ္ဂိုလ်တွေဖြစ်တယ်။

တစ်နိုင်ငံလုံးက တရားခံပြေး တစ်သောင်းလောက်ရဲ့ ဓာတ်ပုံတွေကို ရပ်ကွက်ကျေးရွာတွေက ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေအထိ ဖြန့်ဝေကာ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

‘‘ကျွန်တော်တို့ကတော့ ပြန်တမ်းအရ အလိုရှိတဲ့တရားခံ ဓာတ်ပုံ၊ အချက်အလက်တွေအားလုံးကို ရပ်ကျေးအထိအောင် ဖြန့်ပြီးတော့ ဖမ်းဆီးရမိအောင် စီမံဆောင်ရွက်လျက်ရှိပါတယ်’’ လို့    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

၂၀၁၄ ဇွန်လကစပြီး  တရားခံပြေးတွေကို ဖော်ထုတ်ဖမ်းဆီးရေး စီမံချက်ရေးဆွဲခဲ့ပြီး ၁၃,၅၉၂ ဦးရှိတဲ့ အနက် ယခုနှစ်မတ်လကုန်အထိ တရားခံပြေး ၄,၃၄၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့  နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့  အစိုးရသစ်တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တရားခံပြေးတွေဟာ  မှုခင်းကျူးလွန်ဖို့ အလားအလာရှိတဲ့  ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ရဲချုပ်ဇော်ဝင်းက ပြောကြားထားပါတယ်။
‘‘ဘာဖြစ်လို့လဲဆိုတော့ တရားခံပြေးတွေက လူသိရှင်ကြား နေလို့ မရဘူး။ ဒါကြောင့်မို့ သူတို့အတွက် ရပ်တည်ချက်ခဲယဉ်းတယ်’’ လို့လည်း ဆိုပါတယ်။တရားခံပြေးတစ်သောင်းကျော်မှာ စစ်ပြေး၊ ရဲပြေး၊ တရားခံပြေး၊ ရဲဘက်ပြေးတို့ ပါဝင်ပါတယ်။
Photos & Source: 7Day Daily:Duwun

No comments:

Post a Comment