Latest News

Tuesday, April 25, 2017

ဒုတိယအကြိမ် တိုင်းရုံးဖွဲ့စည်းခြင်း

ဦးအောင်ဘွင့်၏အမည်ကို ဖက်ဆစ်တော်လှန်ရေးတိုင်းဆယ်တိုင်းစာအုပ်ထဲတွင် ကျနော်ဖတ်ဘူးထား
သည်။ထိုစဉ်က သုသည်BIAတပ်မှ အငယ်တန်းတပ်မှုးလေးတစ်ဦးအဖြစ်
နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူ။NLDဖွဲ့ စည်းသောအခါ မျိုးချစ်တပ်မှုးဟောင်း
များအဖွဲ့ မှပါဝင်လာခဲ့သည်။

၁၉၈၈-၈၉ စစ်အာဏာရှင်အုပ်ချုပ်မှုအပြင်းထန်ဆုံးကါလ အဖိနှိပ် အတင်ကျပ်ဆုံးဟု မှတ်ချက်
ပြုကြသော ဧရာဝတီတိုင်းမှာတိုင်းစည်းတာဝန်ယူရသော သူ့ အနေဖြင့် ရန်သူ မိတ်ဆွေမကွဲပြားသောကါလမှာတာဝန်ကြီးမှု စိုးရိမ်မှုတို့ ဖြင့် ကျနော်တို့ ကိုပြန်လွှတ်ခြင်းဖြစ်နိုင်ပါသည်။

"အန်ကယ်လ် ကျနော်တို့ ကအဖွဲ့ဝင်တွေပါ။
ခုလိုအခြေနေမျိုးမှာရုံးဆက်ဖွင်ထားရမယ်လို့ ယူဆပြီး ကူညီဖို့ ကျနော်တို့ လာတာပါ"

"ငါရှိတယ်။ရုံးမပိတ်ဘူး။မင်တို့ လာဖို့ မလိုဘူး"

"ကျနော်တို့ ကပါတီဝင်တွေပါ။ပါတီဝင်တွေကို ပါတီရုံးထဲက အန်ကယ်လ်မောင်းထုတ်နေတာလား"

ကျနော့်စကားက အဖိုးကြီးကို ဒေါသထွက်သွားစေသည်ဟုထင်ရသည်။

"ဟေ့ ဟေ့ မင်းငါ့ကို မချည်နဲ့။ငါနိုင်ငံရေးလုပ်လာတာ ဂျပန်ခောတ်ထဲကကွ"

"သိပါတယ်။အန်ကယ်လ်နာမည်ကို စာအုပ်ထဲမှာတွေ့ ဖူးပါတယ်" ထိုစကားကို
စိတ်ရှည်တော့ပုံ မရသော ကိုမြင့်စိုးကဝင်ပြောလိုက်ခြင်းဖြစ်သည်။

အဖိုးကြီး စိတ်ကျေနပ်သွားသလား။မောသွားသလား။သူဖက်ကပြောစရာကုန်သွားပြီထင်သလားမသိ။
ဆက်မပြောပဲ အိမ်ပေါ်ပြန်တက်သွားတော့၏။

ကျနော်တိုလည်း ရှင်းစရာတွေဆက်ရှင်းနေလိုက်ကြသည်။

ညနေပိုင်းတွင်း တိုင်းစည်းအဖွဲ့ ဝင်ကိုဒေးဗစ်လှမြင့်ရောက်လာသည်။သူ့ အခြေအနေမှာလည်း ပုန်းလျှိုး
ကွယ်လျှိုးနေရပုံ။အခြေအနေအကဲခတ်ဖို့ လာရင်းကျနော်တို့ ကိုတွေ့ ၍ဝင်လာသည်ဟုဆိုသည်။အားလုံးမှာ
ကျီးလန့် စာစား။ဖမ်ထားတာလည်းလူကုန်သလောက်။

သူက ကျနော်တို့ ကိုဝမ်းသာအားရကြိုဆိုသည်။သိမ်းဆည်းသင့်တာတွေ သိမ်းဆည်းရင်း ဗကသနဲ့ 
ပါတ်သက်တဲ့ စာရွက်စာတမ်းတွေ တွေ့ ရင်ဖျေက်ဖျက်ပစ်ဖို့ ကျနော်တို့ ကိုတာဝန်ပေးသည်။နောက်ထပ်
အချိန်မရွေးလာရှာနိုင်သေးသည်။တွေ့ ရင် အထဲကလူတွေ ပိုလေးသွားနိုင်သည်ဟုသတိပေးသည်။
ဖိတ်စာတွေ ကြေညာချက်စာရွက်အချို့တွေသည်နှင့်ချက်ချင်းမီးရှို့ဖျောက်ဖျက်သောအလုပ်ကို
ချက်ခြင်းကောက်လုပ်ကြရ၏။

နောက်နေ့ မှာသူရုံးကိုထပ်ရောက်လာပြီးကျနော်တို့ ကို ရုံးအဖွဲ့ တာဝန်ယူဖို့ ပြောသည်။တိုင်းစည်း
တစ်ယောက်အနေဖြင် တာဝန်ပေးအပ်ကြောင်းလက်မှတ်ထိုးပေးဖို့ ကျနော်တို့ ကတောင်းဆိုသည်။
သူကသဘောတူသည်။ဤတွင် ကိုစိုးသန်းကိုရုံးအဖွဲ့ မှုးအဖြစ်ထာ၍ ဒုတိယအကြိမ် ဧရာဝတီတိုင်းရုံးအဖွဲ့ 
ဖွဲ့ စည်းဖြစ်ခဲ့လေသည်။

ထိုဖွဲ့ စည်းတာဝန်ပေးစာရွက်တွင်
"ဤရုံးအဖွဲ့သည်ယာယီသာဖြစ်ပြီး ရုံးအဖွဲ့ ဝင်ဟောင်းများပြန်လည်လွတ်မြောက်လာသောနေ့ တွင်
ဤအဖွဲ့ သည် ပျက်ပြယ်ပြီးသားဖြစ်သည်" ဟူသောစာသားကို အားလုံးသဘောတူညီမှုဖြင့် ကျနော်ရေး
ထည့်ခဲ့ပါသည်။
ထိုကါလသည် အလွန်ကြပ်တည်းသောကါလ။လူမနဲရှာနေရသောကါလ ဖြစ်သည့်တိုင် ဖမ်းဆီးခံနေရသော ကျနော်တို့ ၏ရဲဘော်များအနေဖြင့် သူတို့ ၏တာဝန်များကို သူတို့ မရှိစဉ် လွှဲယူလိုက်ကြသည်ဟု သံသယ မဝင်စေလိုခြင်း။သူတို့ သည် ဆက်လက်တာဝန်ရှိနေသူများဖြစ်ကြသည်ဟူသော တာဝန်စိတ်ဖြင့် ထောင်
တွင်းမှာစိတ်အားတင်းနိုင်စေခြင်းငှါ ဤစကားရပ်ကို ကျနော်တို့ ထည့်သွင်းခဲ့ခြင်းဖြစ်ပါ၏။

ထိုစကားရပ်အတိုင်းပင် (၇)လခန့်ကြာပြီး၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကြိုကာလ
သူတို့ ပြန်လည်လွတ်မြောက်လာသောအခါကျနော်တို့ ဆောင်ရွက်ဆဲရုံးအဖွဲ့ ဝင်များက သူတို့ အားကြိုဆို
ဂုဏ်ပြုပွဲပြုလုပ်ကြိုဆိုခဲ့ပြီး သူတို့ ထဲမှဆက်လက်ဆောင်ရွက်မည့်သူများနှင်
စုပေါင်းပြီး NLD၏ ဧရာဝတီတိုင်းတတိယအကြိမ်ရုံးအဖွဲ့ ကိုဖွဲ့စည်းကာ
၁၉၉၀ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန်ကါလ တာဝန်များကို
ဆက်လက်ထမ်းရွက်ခဲ့ကြပါသတည်း။
Ko Zawnaing 
https://www.facebook.com/ko.zawnaing.14/posts/855130394613584?pnref=story

No comments:

Post a Comment