Latest News

Friday, April 28, 2017

အောင်ဝင်းခိုင်အား ဖမ်းဝရမ်းအသစ် ထုတ်ပေးရန် ရန်ကုန်တရားလွှတ်တော်တွင် လျှောက်ထား

အောင်ဝင်းခိုင်အား ဖမ်းဝရမ်းအသစ် ထုတ်ပေးရန် ရန်ကုန်တရားလွှတ်တော်တွင် လျှောက်ထား

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် ဧပြီလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ရာဇ၀တ်ဆိုင်ရာ ပြင်ဆင်မှုအမှတ် ၁၂၀/၂၀၁၇ ဖြင့် ကြားနာခဲ့ပြီး ထွက်ပြေးလွတ်မြောက် နေသည့် အောင်ဝင်းခိုင်အား ဖမ်းဝရမ်းအသစ်တစောင်ထပ်ထုတ်ပေးရန် လျှောက်ထားခဲ့ကြောင်း ဦးကိုနီမိသားစု၏ ရှေ့နေ ဦးနေလက ပြောသည်။

“အခုက အောင်ဝင်းခိုင်ရဲ့ နေအိမ်ကိုပဲ ၀ရမ်းထုတ်တယ်။ ထွက်ပြေးတဲ့နေအိမ်ကိုပဲ သွားရှာတယ်၊ အမှန်တ ကယ်ပျောက်ဆုံးတဲ့ နေပြည်တော် ဘယဆေးဝင်းမှာ မရှာဘူး၊ ရဲကလည်း ရဲစခန်းခြောက်ခုမှာ ဖမ်းဝရမ်း ထုတ်တယ်၊ အဲဒီမှာ ဘယဆေးဝင်းအနီးအနားက ရဲစခန်းတွေ တခုမှ မပါဘူး၊ ဒါကြောင့် ၀ရမ်းအသစ်တစောင် ထုတ်ပေးဖို့ ထပ်ဆင့်လျှောက်ထားတာ” ဟု၎င်းက ပြောပြသည်။

ဦးကိုနီအား လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်းနှင့် အပေါင်းအပါသုံးဦးကို ဧပြီလ ၂၈ ရက်နေ့တွင် ပင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ခြောက်ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး လက်နက်မှုအတွက် စစ်ဆေးရန် ချိန်းဆို ထားသည့် တရားလိုပြ သက်သေတဦးလာရောက်ခြင်းမရှိသဖြင့် နောက်တကြိမ်ရုံးချိန်းသို့ ပြန်လည်ချိန်းဆိုခဲ့ သည်။

ဦးကိုနီလုပ်ကြံခံရမှုတွင် ပါဝင်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ပြစ်မှုကြီး အမှတ် ၄၅/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၀/၃၄/၂၁၂ ဖြင့်လည်းကောင်း၊ သေနတ်သမားကြည်လင်းနှင့်  အောင်ဝင်းဇော်တို့ကို ပြစ်မှုကြီးအမှတ် ၄၆/၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉-စ/ဃ တို့ဖြင့် တရားစွဲဆိုထား ခြင်းဖြစ်သည်။

နောင်နောင်
Source: News Watch

No comments:

Post a Comment