Latest News

Thursday, April 27, 2017

အမေရိကန်၏ ရန်စကျူးကျော်လိုသော အပြုအမူများ မြင်တွေ့နေရသမျှကာလပတ်လုံး မြောက်ကိုရီးယား၏ ညူကလီယာအစီအစဉ် ရပ်တန့်ရန်မရှိ

အမေရိကန်၏ ရန်စကျူးကျော်လိုသော အပြုအမူများ မြင်တွေ့နေရသမျှကာလပတ်လုံး မြောက်ကိုရီးယား၏ ညူကလီယာအစီအစဉ် ရပ်တန့်ရန်မရှိ

အမေရိကန်ထိပ်တန်းကွန်ဂရက်အမတ်များ၏ မြောက်ကိုရီးယားအပေါ် စီးပွာရေးအရေးယူပိတ်ဆို့ရန်နှင့် သံတမန်ရေးဖိအားပေးရန်အစီအစဉ်များထွက်ပေါ်လာပြီးနောက် မြောက်ကိုရီး ယား၏ညူကလီယာခြိမ်းခြောက်မှု့ ပြန်လည်အစပျိုး။ မြောက်ကိုရီးယားစစ်ရေးလေ့ကျင်ပု့သတင်းဓါတ်ပုံထုတ်ပြန်။ ထရန့်နှင့် ကင်ဂျုံအန် နှစ်ဦးစလုံး စစ်ဖြစ်ရန်ဆန္ဒရှိပုံမရဟုဆို။


( ဧပြီ-၂၇၊ ၂၀၁၇ ) အမေရိကန်က မြောက်ကိုရီးယားအပေါ် ရန်စကျူးကျော်လိုသော အပြုအမူများမြင်တွေ့နေရသမျှကာလပတ်လုံး မြောက်ကိုရီးယား၏ ညူကလီယာစမ်းသပ်များရပ်တန့်ဖွယ်မရှိကြောင်း မြောက်ကိုရီးယား အစိုးရဖက်ဆိုင်ရာကပြောကြားသည်ဟု စီအန်အန်သတင်းဌာနက ယနေ့ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားအစိုးရဖက်ဆိုင်ရာတို့နှင့် ကြုံခဲလှသော လူတွေ့မေးမြန်းခြင်းအစီအစဉ်၌ အမေရိကန်၏ကျူးကျော်ရန်စသည့် အပြုအမူမြင်တွေ့နေရသမျှ မိမိတို့၏ ဒုံးကျည်နှင့် ညူကလီယာစမ်းသပ်ခြင်းကို ရပ်တန့်ရန်လုံးဝအစီအဉ် မရှိကြောင်း  မြောက်ကိုရီးယားလူမှု့ရေးသိပ္ပံပညာရှင်က တာဝန်ယူပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် အလားအလာရှိနေသည့် မြောက်ကိုရီးယား၏ ၆-ကြိမ်မြောက် ညူစမ်းသပ်မည့်အချိန်ကိုမူ ခန့်မှန်းပြောကြားခြင်းမရှိချေ။


တရားဝင်ရာထူးအဖြစ် မြောက်ကိုရီးယား လူ့အခွင့်အရေးအင်စတီကျုဒ်၏ လူမှု့ရေးသိပ္ပံပညာရှင်အဖြစ်ဖော်ပြထားသူသည် မြောက်ကိုရီးယားအစိုးရ၏ စီအန်အန်သတင်းဌာအတွက် သတင်းပြန်ကြားခွင့်ရရှိထားသူဖြစ်သည်ဆို၏။

မြောက်ကိုရီးယား၏ ယခုသတင်းထွက်ပေါ်လာခြင်းသည် ယမန်နေ့ အမေရိကန်ထိပ်တန်းကွန်ဂရက်အမတ် များ၏ မြောက်ကိုရီးယားအပေါ် စီးပွာရေးအရေးယူပိတ်ဆို့ရန်နှင့် သံတမန်ရေးဖိအားပေးရန်အစီအစဉ်များ ပြုလုပ်ရန်သတင်းများနောက်ပိုင်း၌ဖြစ်သည်။

လွန်ခဲ့သည့် ၂၄-နာရီအတွင်းဖြစ်ပေါ်ခဲ့သောသတင်းများအား စီအန်အန်က စုစည်းကောက်နှုတ်ရာတွင် အမေရိကန်က တောင်ကိုရီးယားတွင်ချထားသည့် THAAD ဒုံးကျည်ကာကွယ်ရေးစံနစ် မကြာမီအသက်ဝင်လာမည်ဖြစ်။ ကွန်ဂရက်အမတ်များ အစီအစဉ်မှာ ကိုရီးယားကျွန်းဆွယ်တင်းမာမှု့လျှော့ကျရန် အားရဖွယ်မရှိ။ မြောက်ကိုရီးယားတုန့်ပြန်မှု့တွင် ဒေါသစွက်လာပြီး ပေါက်ကွဲရန်နီးစပ်လာ။ သို့သော် ထရန့်နှင့် ကင်ဂျုံအန် နှစ်ဦးစလုံး စစ်ဖြစ်ရန်ဆန္ဒရှိပုံမရ။ မြောက်ကိုရီးယား အမြောက်ကြီးများ ကျည်အစစ် ပစ်ခတ်စစ်ရေး လေ့ကျင့် ခြင်း အင်အားထုထည်ကြီးမားစွာပြုလုပ်ကြောင်း ဓါတ်ပုံသတင်းများ  ထုတ်ပြန်ခြင်းတို့ဖြစ်ကြောင်းဖော်ပြသည်။

((((( ယခုသတင်း၏ ရုပ်သံဗီဒီယိုတွင် ယမန်နေ့မြောက်ကိုရီးယားအစိုးရ၏ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KNCA) က ထုတ်ပြန်သော ကိုရီးယားပြည်သူ့တပ်မတော်ထူထောင်ခြင်း ၈၅-ကြီမ်မြောက်နှစ်ပတ်လည် ဂုဏ်ပြုစစ်ရေးလေ့ကျင်ခြင်းပါဝင်သဖြင့် ဓါတ်ပုံများအဖြစ်ဖော်ပြပါသည်။)))))

Htay Oung

No comments:

Post a Comment