Latest News

Sunday, April 30, 2017

ကျောင်းကုန်းမြို့တွင် အရှိန်လွန်မော်တော်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျ

ကျောင်းကုန်းမြို့တွင် အရှိန်လွန်မော်တော်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျ


ကျောင်းကုန်း  မေ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ ရွှေကညင်ပင်ကျေးရွာအနီး၌ မေလ ၁ ရက်နေ့ နံနက် ၇း၄၅ နာရီအချိန်ခန့်က အရှိန်လွန်မော်တော်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အမှုမှာ ကျောင်းကုန်း-အိမ်မဲကားလမ်း၊မိုင်တိုင်အမှတ် ၈၆/၇ နှင့် ၈၇/၀ ကြား၊ သစ်ဆိမ့်ကုန်း အုပ်စု၊ ရွှေကညင်ပင်ကျေးရွာအနီးတွင် ကျောင်းကုန်းဘက်မှ အိမ်မဲဘက်သို့ စည်သူဖြိုး(၂၈)နှစ်၊ သင်္ဃန်းကျွန်းမြို့ နေသူမောင်းနှင်ပြီး၊ သက်မောင်မောင်ဦး(၃၃)နှစ်၊ အောင်ကိုလတ်(၁၈)နှစ်၊ ဝင်းဇေယျာ(၃၄)နှစ်၊ မောင်ကိုကို(၃၀)နှစ်တို့လိုက်ပါ       စီးနင်းလာသော 9D/--------- အဖြူရောင် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းချောက်ထဲသို့ ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း စည်သူဖြိုးနှင့်လိုက်ပါစီးနင်းလာသူတို့ ဒဏ်ရာအသီးသီး ရရှိသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်နာကျင်စေသူ စည်သူဖြိုးအား ဒုရဲအုပ်ဝင်းမင်းသန်းမှ တရားလိုပြုလုပ်၍ ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၃၀/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment