Latest News

Tuesday, April 18, 2017

လိပ်ကျွန်းလူသတ်မှု

လိပ်ကျွန်းလူသတ်မှု

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော
 မြန်မာလုပ်သားနှစ်ဦးအမှုကို ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်ထံ အယူခံဝင်ရန် ပြင်ဆင်ချိန် မလုံလောက်သဖြင့် အချိန်တစ်လထပ်တိုးပေးရန် ယနေ့(ဧပြီ၁၈ရက်)တွင် ဒုတိယအကြိမ် ထပ်မံတောင်းဆိုရာ ထိုင်းအစိုးရက လက်ခံခဲ့ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာလုပ်သားနှစ်ဦးအမှုကို အကျိုးဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရှေ့နေများ ကောင်စီအဖွဲ့သည် ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်ထံ အယူခံဝင်ရန်သတ်မှတ်ထားသည့် တစ်လအတွင်း အယူခံတင်သွင်းရန် ပြင်ဆင်ချိန်မလုံလောက်၍ အချိန်တစ်လ ထပ်မံတိုးပေးရန် တောင်းဆိုမှုကို ထိုင်းအစိုးရက မေ၂၃ ရက် အထိ အချိန်တစ်လ ထပ်မံတိုးပေးလိုက်ကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

“ဒီနေ့ မနက်ကပဲ အချိန်ထပ်တိုးပေးဖို့ တောင်းဆိုခဲ့တာကို တစ်လ လိုက်လျောပေးခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

အယူခံတင်သွင်းမှု ထိုင်းအစိုးရက မတ်လ ၂၃ရက်အတွင်း တင်သွင်းရန် သတ်မှတ်ထားသော်လည်း ပြင်ဆင်ချိန်မလုံလောက်မှုကြောင့် အချိန်တိုးပေးရန် ပထမဆုံးအကြိမ် တောင်းဆိုရာ ဧပြီ ၂၃ရက်ထိ အချိန်တိုးပေးထားပြီး ယင်းသတ်မှတ်ချိန်ကို မလုံလောက်သောကြောင့် ယခု ဒုတိယအကြိမ် ထပ်မံတောင်းဆိုရာ မေ၂၃ရက်ထိ အချိန်ထပ်တိုးပေးထားခြင်း ဖြစ်သည်။

 မြန်မာလုပ်သားနှစ်ဦး၏  ပထမအယူခံတင်သွင်းရမည့်အချိန်သည် လာမည့်ဧပြီလ ၂၃ ရက် တွင် ရက်ပြည့်မည်ဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင်ငံအယူခံအောက်တရားရုံးက ဖေဖော်ဝါရီ၂၃ရက်တွင် သေဒဏ်အမိန့်ကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

သတင်း - ငြိမ်းချမ်း
ဓါတ်ပုံ - ရိုက်တာ
7Day

No comments:

Post a Comment