Latest News

Sunday, April 9, 2017

ဆီးရီးယားအရေးမှာ ရုရှရဲ့ ရပ်တည်ချက် အမေရိကန် စိတ်ပျက်

 
ဆီးရီးယားအရေးမှာ ရုရှရဲ့ ရပ်တည်ချက် အမေရိကန် စိတ်ပျက်

ဆီးရီးယားက ဓာတုလက်နက်တွေ သိုလှောင်ထားတယ်လို့ သံသယရှိတဲ့ လေတပ်စခန်းကို အမေရိကန် တိုက်ခိုက်ခဲ့မှု အပေါ် ရုရှရဲ့ ပြစ်တင်တဲ့ သဘောထားအတွက် အမေရိကန် အနေနဲ့ စိတ်ပျက်မိကြောင်း၊ ဒါပေမယ့် ဒီလို တုံ့ပြန်ခဲ့မှုကို အံအားတသင့် မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်က ပြောလိုက်ပါတယ်။

ဒါဟာ ကိုယ့်တိုင်းသူပြည်သား အပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့ သမ္မတ အာဆတ် အစိုးရကို ဆက်လက် အကာအကွယ်ပေးနေတဲ့ သဘောဖြစ်တယ်လို့လည်း မစ္စတာတေလာဆင်က ဆိုပါတယ်။

သောကြာနေ့ အစောပိုင်းက ဆီးရီးယား မှာ အမေရိကန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ 

ဆီးရီးယား အစိုးရရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှ ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေကို အားပေးရာ ရောက်တယ်လို့ စွပ်စွဲထားပါတယ်။

မော်စကို အစိုးရဟာ ဆီးရီးယားရဲ့ ဝေဟင်တိုက်ခိုက်မှု ကာကွယ်ရေး စနစ်ကိုလည်း ကူညီ ထောက်ပံ့ အင်အားဖြည့်တင်းပေးမယ်လို့ ကတိပြုထားပါတယ်။

ဆီးရီးယား မြောက်ပိုင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ ခန်းရှိတ်ခွန်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ဓာတုလက်နက် တိုက်ခိုက်မှုမှာ ကလေး ၃၃ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက် အပါအဝင် လူ ၈၉ ယောက် သေဆုံးခဲ့တယ်လို့ အစ်ဒ်လစ်ဘ်ပြည်နယ် အတိုက်အခံ ဘက်က ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။  

ဓာတ်ပုံအညွှန်း - ရုရှက သမ္မတအာဆတ်အစိုးရအဖွဲ့ကို ကူညီဖို့ စေလွှတ်ထားတဲ့ Su-24 အမျိုးအစားဗုံးကြဲ စစ်လေယာဉ်ပျံ ဒါဇင်နဲ့ ချီကို ဆီးရီးယားက ဟမီမင် လေတပ်စခန်းမှာ တွေ့မြင်ရပုံ မြင်ကွင်းပါ။

ဘီဘီစီမြန်မာပိုင်း (8.4.2017)

No comments:

Post a Comment