Latest News

Monday, April 10, 2017

ရှေ့မျိုးဆက်​ကို လိုက်​မီပါရဲ့လား ​နောက်​မျိုးဆက်

ရှေ့မျိုးဆက်​ကို လိုက်​မီပါရဲ့လား ​နောက်​မျိုးဆက်

အ​မေရိကန်​ နိုင်​ငံသား စတက်​ဖန်​ လိုဗဲလ်​ (Stephen Lovell )  ဆိုသူဟာ ငယ်​စဉ်​က သူ့ ဘိုးဘွား​တွေ ပိုင်​တဲ့ အိမ်​ကို သွား​ရောက်​လည်​ပတ်​ခဲ့တဲ့ အခါတိုင်း ခမ်းနားဆန်းကြယ်​တဲ့ မြင်​ကွင်း​တွေကို မြင်​ခဲ့ရပါတယ်​။ မင်းသားကြီး လီယိုနာဒို သရုပ်​​ဆောင်​တဲ့ " The Great Gatsby " ရုပ်​ရှင်​ထဲကလို ဝတ်​​ကောင်းစားလှ ​တွေ ဝတ်​ဆင်​ထားတဲ့ လူကုံထံ ​တွေက ပါတီပွဲ​တွေကို ခမ်းခမ်းနားနား ကျင်းပ​နေကြတာကု မြင်​ရတာပါ။ သူ့ ဘိုးဘွား​တွေ ရဲ့ အသိုင်းအဝိုင်းဟာလည်း ​တော်​ရုံချမ်းသာခဲ့တာ မဟုတ်​ဘဲ ​လေယာဉ်​ပျံ​တွေ ၊ အ​ပျော်​စီး​လှေ​တွေနဲ့ ​မြေကွက်​ အများအပြား ပို​င်​တဲ့ အထိ ချမ်းသာခဲ့ကြပါတယ်​။ ဒါ​ပေမဲ့ ဒီ​နောက်​ပိုင်း မျိုးဆက်​​တွေရဲ့ ကံဆိုးမှု​တွေ ၊ ဆုံးဖြတ်​ချက်​ လွဲမှားခဲ့မှု​တွေ ၊ အရက်​နဲ့ အ​ပျော်​အပါးလိုက်​စားမှု​တွေ​ကြောင့်​အဲဒီပိုင်​ဆိုင်​မှု​တွေဟာ လုံးပါးပါးလာခဲ့ရပါ​တော့တယ်​။

ဝီလီယံမိသားစု အသင်း (Williams Group) လို့ ​ခေါ်တဲ့ ဓနအိုးအိမ်​ အကြံ​ပေး ​အေဂျင်​စီ တစ်​ခုရဲ့ ​လေ့လာချက်​အရ​တော့ အ​မေရိကန်​နိုင်​ငံမှာ မျိုးဆက်​တစ်​ခုရဲ့ ကြွယ်​ဝချမ်းသာမှုဟာ ​နောက်​ထပ်​မျိုးဆက်​တစ်​ခု ​ရောက်​လာရင်​ ၇၀ ရာခိုင်​နှုန်း ၊ ​နောက်​ထပ်တတိယ ​မျိုးဆက်​ ​ခေတ်​ ​ရောက်​လာရင်​ ၉၀ ရာခိုင်​နှုန်းအထိ ဆုံးရှုံးသွားတာကို ​တွေ့ရပါတယ်​ တဲ့ ။ ဒီ​တော့ ​ချမ်းသာကြွယ်​ဝတဲ့ မိသားစု​တွေရဲ့ ​နောက်​မျိုးဆက်​​တွေဟာ ​ငွေ​ကြေးထိန်းသိမ်းမှုနဲ့ စီမံခန့်​ခွဲမှုအပိုင်းမှာ အများအားဖြင့်​ အားနည်း​နေကြတယ်​ဆိုတဲ့ သ​ဘောပါ။ ​လေ့လာချက်​အရ အ​မေရိကန်​ မိဘ​တွေရဲ့ ၆၄ ရာခိုင်​နှုန်းဟာ သူတို့ သားသမီး​တွေ ပျင်းရိပြီး အသုံးအဖြုန်းကြီးသွားမှာ စိုးရိမ်​တာ​ကြောင့်​ သူတို့ရဲ့ ပိုင်​ဆိုင်​မှု​တွေအ​ကြောင်း သားသမီး​တွေကို အသိမ​ပေးဘဲ ထားကြတယ်​လို့ သိရပါတယ်​။

ဒီလို​တွေ ​ပြောလို့ ​နောက်​မျိုးဆက်​​တွေ လုံးဝ ညံ့ဖျင်း​နေပြီလို့ ဆိုလိုတာလည်း မဟုတ်​ရပါဘူး။ ကိုယ့်​နည်းကိုယ့်​ဟန်​နဲ့ ထူးချွန်​​အောင်​ ကြိုးစား​နေကြသူ​တွေ ၊ မိဘထက်​ ပို ပညာတတ်​၊ ပို ကြွယ်​ဝ​အောင်​ စွမ်း​ဆောင်​နိုင်​ခဲ့ကြသူ​တွေလည်း ​ခေတ်​အဆက်​ဆက်​မှာ ရှိခဲ့ကြတာပါပဲ။

သားသမီးဝတ်​ ငါးပါးမှာ " ​မွေခံထိုက်​​စေ " ဆိုတဲ့ အပိုင်းလည်း ပါ ပါတယ်​။ မိဘရဲ့ အ​မွေ (ပညာအ​မွေ ၊ စည်းစိမ်​ အ​မွေ ၊ ဂုဏ်​သိက္ခာ ​အ​မွေ) ကို ဆက်​ခံနိုင်​​တဲ့ မျိုးဆက်​သစ်​​တွေ ဖြစ်​​အောင်​ ​ငယ်​ကတည်းက ​လေ့ကျင့်​သင်​ကြား​ပေးဖို့ မိဘ​တွေမှာ တာဝန်​ရှိသလို မိဘထက်​ ပိုတိုးတက်​တဲ့ မျိုးဆက်​သစ်​​တွေအဖြစ်​ ရပ်​တည်​နိုင်​ဖို့ သားသမီး​တွေဘက်​ကလည်း တာဝန်​ယူကြိုးစားရမှာ ဖြစ်​ပါတယ်​။

ကျော်​သန့်​ (ရိုးရာ​လေး)

No comments:

Post a Comment