သစ်မှောင်ခိုထုတ်သူ နိုင်ငံခြားသား တစ်ရာကျော် ဖမ်းမိထား
ရန်ကုန်၊ ဧပြီ ၂၁
မြန်မာ့သစ်များကို တရားမဝင် ခိုးထုတ်သူ နိုင်ငံခြားသား တစ်ရာကျော်ကို ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြောကြားသည်။
သစ်မှောင်ခိုထုတ်မှုများတွင် နိုင်ငံခြားသားများအပြင် မြန်မာနိုင်ငံသား ၈၃၀ဝ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ်တန်ချိန် ၁၃၀ဝ၀ ကျော်၊ သစ်မာတန်ချိန် ၁၂၀ဝ၀ ကျော် အပါအဝင် မှောင်ခိုထုတ်သည့် သစ်တန်ချိန် ငါးသောင်းကျော် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်မှစ၍ သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး လက်ရှိတွင် ကျွန်းသစ်ထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းထားသော်လည်း မှောင်ခိုတင်ပို့မှုများ ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၁၉၉၀ ပြည့်နှစ်က ၅၇ ရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ သိရသည်။
သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူ ၁၅၅ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသား အကျဉ်းသားများဖြင့် လဲလှယ်ခဲ့သည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment