Latest News

Tuesday, April 4, 2017

စံပယ်တောင်နဲ့ ကြေးစင်တောင်က သိမ်းဆည်းခံလယ်မြေတွေအတွက် လျော်ကြေးပေးဖို့ တင်ပြ

စံပယ်တောင်နဲ့ ကြေးစင်တောင်က သိမ်းဆည်းခံလယ်မြေတွေအတွက် လျော်ကြေးပေးဖို့ တင်ပြ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေ ဧကပေါင်း ၂၃၀၀ ကျော်အတွက် မြေယာလျော်ကြေးပေးဖို့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဒေသခံတောင်သူတွေက မနေ့က တင်ပြတောင်းဆိုလိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သိမ်းဆည်းခဲ့တဲ့လယ်မြေတွေကို ပေးတဲ့လျော်ကြေးအတိုင်း လိုချင်တဲ့အတွက် တင်ပြတောင်းဆိုတာဖြစ်တယ်လို့ ကံကုန်းရွာသား ဦးဗိုလ်သန်း က ပြောပါတယ်။

ကြေးစင်တောင်နဲ့ စံပယ်တောင်တဝိုက်က ကျန်တဲ့မြေယာတွေကိုလည်း တိုးပြီး သိမ်းဆည်းမယ့် အခြေအနေတွေရှိနေတဲ့အတွက် တောင်သူတွေက တားဆီးနေရပြီး  ဒေသခံတောင်သူတွေအတွက် ဥပဒေကြောင်းပိုင်းဆိုင်ရာအရ နိုင်ငံတော်က အကာအကွယ်ပေးဖို့လည်း တောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။

၁၉၈၇ ခုနှစ်လောက်က သိမ်းယူခံခဲ့ရတဲ့လယ်ယာမြေတွေအတွက် ဦးသိန်းစိန် အစိုးရလက်ထက်မှာ သီးနှံလျော်ကြေးပေးခဲ့ပေမယ့် မြေယာလျော်ကြေးပေးခြင်း မရှိခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံရတဲ့လယ်မြေတွေအတွက် သီးနှံလျော်ကြေးအပြင် မြေယာလျော်ကြေးလည်းပေးတဲ့အတွက် အခုလိုမြေယာလျော်ကြေးပေးဖို့ တောင်းဆိုကြတာလို့ သိရပါတယ်။RFA

No comments:

Post a Comment