Latest News

Sunday, April 23, 2017

စီးချင်းထိုးမယ့် မန်ချက်စတာဒါဘီ၊ အာဆင်နယ်ခြေစွမ်းကို အကဲစမ်းမယ့် လက်စတာ

စီးချင်းထိုးမယ့် မန်ချက်စတာဒါဘီ၊ အာဆင်နယ်ခြေစွမ်းကို အကဲစမ်းမယ့် လက်စတာ


ဒီတစ်ပတ်ကြားရက်ဖြစ်တဲ့ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာတော့ ပရီမီယာလိဂ်ပွဲစဉ်တွေ ဆက်တိုက်ကစားဖို့ရှိနေပါတယ်။ ရာသီ ကုန်ချိန် တဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အသင်းတိုင်းဟာ ပွဲတိုင်းရလဒ်ကောင်းအောင် ကြိုးစားနေကြတာမို့ ပရိသတ်တွေ အတွက်တော့ ပွဲကောင်းတွေပါပဲ။ အခုပွဲစဉ်မှာ အာဆင်နယ်က လက်စတာနဲ့ ကစားရမှာဖြစ်သလို မန်ယူတို့ကလည်း မန်စီးတီး နဲ့ ရင်ဆိုင်ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားစရာခံစားမှုရသတွေ ပေး စွမ်းဦးမှာ သေချာနေပါတယ်။

အာဆင်နယ်နှင့် လက်စတာ
လက်ကျန်ပွဲ အားလုံးအနိုင်ရမှ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ မျှော်လင့်နိုင်တော့မယ့် အာဆင်နယ်တို့လည်း အခုတလော ရလဒ်တွေ ကမောက်ကမဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ မစ် ဒယ်ဘရော့ကို အနိုင်ကစားခဲ့တာမို့ အခုပွဲမှာ အာဆင်နယ်တို့ အားထည့်ကစားပါလိမ့်မယ်။ အနိုင်ရလဒ်ကိုသာ ဖော်ဆောင် မယ့် အာဆင်နယ်တို့က လက်စတာရဲ့ကစားအားကို ထိန်းချုပ် ဟန့်တားဖို့တော့ လိုပါတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ လက်စတာတို့က ဒီပွဲကိုအပြည့်အဝအာရုံစိုက်ကစားတော့မှာမို့ ပထမအကျော့ ဂိုးမရှိသရေရလဒ်ထက် ပိုကောင်းတဲ့ အဖြေ ထွက်ပေါ် ဖို့ နှစ်သင်းစလုံးခြေကုန်ဖွင့်ကစားပါလိမ့်မယ်။ ဖိအား များနေတဲ့ အာဆင်နယ်တို့ ကံကောင်းသွားနိုင်မယ့်ပွဲပါပဲ။

မန်စီးတီးနှင့် မန်ယူ
ပထမကျော့ မန်ယူကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့ရတဲ့ မန်စီး တီးဟာ ဒီပွဲမှာတော့ အဲဒီရလဒ်ကို ပြန်လည်ချေဖျက်တော့မှာ ဖြစ်ပါတယ်။ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်တို့ကို သရေပွဲ ကစားခဲ့ပြီး ချယ်လ်ဆီးကို ရှုံးခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ ဟားလ်စီးတီးကို နိုင်ပွဲဆက်တိုက်ရယူနိုင်ခဲ့တာမို့ အခုပွဲမှာ မန်ယူအတွက်တော့ ပွဲကျပ်ဖြစ်နေပါတယ်။ မန်ယူတို့က အခု တလောနိုင်ပွဲဆက်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာလည်း တစ်ပွဲမှ မရှုံးခဲ့ပါဘူး။ မန်ယူရဲ့ တိုက်စစ်က အားရစရာမရှိသေး ပေမယ့် ပွဲတိုင်းဂိုးသွင်းလာနိုင်တာမို့ ဒီပွဲမှာ စိတ်ဓာတ်မြင့်မား နေတဲ့ မန်ယူကစားသမားတွေ အသာစီးရအောင် ကြိုးစားပါ လိမ့်မယ်။ နှစ်သင်းစလုံး အမှတ်လိုအပ်နေတာမို့ တိုက်စစ်အပြိုင် ဖွင့်ရင်း အမှတ်ခွဲယူရကိန်းလည်း ဆိုက်သွားနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နှင့် စပါး
ခြေစွမ်းပြနေတဲ့ စပါးတို့ကတော့ အခုတလော နိုင်ပွဲတွေ ဆက်တိုက်ရယူနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ စပါး တိုက်စစ်မှူးတွေက ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာမို့ ပဲလေ့စ် ခံစစ်မှူးတွေ သတိထားမှ ရပါလိမ့်မယ်။ ပဲလေ့စ်တို့က အာဆင် နယ်၊ ချယ်လ်ဆီးစတဲ့ အသင်းတွေကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်း ရှိတာမို့ စပါးတို့ ပေါ့ဆဆကစားလို့တော့ မရပါဘူး။ ပဲလေ့စ်ဟာ အထူးသဖြင့် အိမ်ကွင်းမှာဆိုရင် ပြိုင်ဘက်မရွေးရလဒ်မဆိုးရွား အောင် အားထုတ်နိုင်တာမို့ အခုပွဲမှာ စပါးတို့အတွက်လည်း မလွယ်ပါဘူး။ ပဲလေ့စ်ရဲ့ အခုတလော နောက်ဆုံးငါးပွဲကစားခဲ့ ရာမှာ တစ်ပွဲသာရှုံးခဲ့တာမို့ ပြိုင်ဘက်အသင်းရဲ့ ခြေစွမ်းကိုလိုက် ပြီး ကစားအားအတက်အကျအားထုတ်နိုင်တာမို့ ဒီပွဲမှာ စပါးတို့ ရုန်းကန်ရပါလိမ့်မယ်။ အကြိုက်က စပါးဖြစ်ပေမယ့် သရေပွဲ လည်း ဖြစ်သွားနိုင်သလို စပါးနိုင်ရင်လည်း ဂိုးမပြတ်နိုင်ပါ ဘူး။

မစ်ဒယ်ဘရော့နှင့် ဆန်းဒါးလန်း
တန်းဆင်းဇုန်ထဲက အသင်းတွေမို့ နှစ်သင်းစလုံး အမှတ်မရှုံး ရေး ကြိုးစားပါလိမ့်မယ်။ မစ်ဒယ်ဘရော့တို့က တိုက်စစ်ပိုင်းမှာ ဆန်းဒါးလန်းထက် ပိုမိုသာလွန်သလို တိုက်စစ်မှူးတွေက အဆုံး သတ်မကောင်းပေမယ့် အင်အားပြည့်ထိုးဖောက် တိုက်စစ်ဆင် နိုင်သူတွေဖြစ်ပါတယ်။ ဒီနှစ် တန်းဆင်းဖို့ရာနှုန်းများနေပြီဖြစ် တဲ့ ဆန်းဒါးလန်းတို့လည်း တိုက်စစ်က အားကိုးစရာမရှိတာမို့ အခုပွဲမှာ ချေပဂိုးသွင်းနိုင်ဖို့တောင် ခဲယဉ်းမှာပါ။ မစ်ဒယ်ဘရော့ တို့က တန်းမဆင်းရရေး ဒီပွဲမှာ အမှတ်ယူပြီး ကြိုးစားတော့မှာ မို့ အခုပွဲဟာ မစ်ဒယ်ဘရော့ရဲ့ အောင်ပွဲအဖြစ် သတ်မှတ်ရပါ လိမ့်မယ်။ ။
မိုးမြင့်လင်းလက်(ပြန်/ဆက်)

No comments:

Post a Comment