Latest News

Monday, April 10, 2017

စပိန် ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီး အသက် ၄၆ နှစ်၌ ကွယ်လွန်

စပိန် ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီး အသက် ၄၆ နှစ်၌ ကွယ်လွန်

မက်ဒရစ်၊ ဧပြီ ၁၀ ။           ။ စပိန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးကာကွယ်ရေးဝန်ကြီးဖြစ်သူ၏ ကာမီချာကွန်း၏ ရုပ်အလောင်းကို အောက်လွှတ်တော်အဆောက်အအုံတွင် ထားရှိထားကြောင်း ဆိုရှယ်လစ်ပါတီ PSOE သတင်းရင်းမြစ်က EFE သို့ ဧပြီ ၁၀ ရက်တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီး ရာထူးနေရာတွင် ပထမဆုံးအမျိုးသမီးအဖြစ် တာဝန်ထမ်းသူ အသက် ၄၆ နှစ်ရှိ ချာကွန်း၏ ရုပ်အလောင်းကို ပြီးခဲ့သည့်ရက် ဧပြီ ၉ ရက်က မက်ဒရစ်က နေအိမ်တွင်   သေဆုံးလျက် တွေ့ရှိခြင်းဖြစ်ကြောင်း ရဲက အတည်ပြုသည်။

ချာကွန်းသည် မွေးရာပါ နှလုံးရောဂါ ခံစားခဲ့ရသူဖြစ်သည်။

၂၀၀၇ ခုနှစ်အတွင်း အိမ်ရာစီမံကိန်းဝန်ကြီးဖြစ်လာကာ စပိန်သမိုင်းတွင် အသက်အငယ်ဆုံး ဝန်ကြီးဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဧပြီ ၁၄ ရက်က ကိုယ်ဝန် ခုနစ်လ လွယ်ထားရချိန်၌ စပိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဂျိုစေးဇာပါတီရို လက်ထက်တွင် စပိန်လက်နက်ကိုင်တပ်များ၏ အကြီးအကဲအဖြစ် တပ်ဖွဲ့များကို စီမံကိုင်တွယ်ခဲ့ရသူဖြစ်သည်။

ချာကွန်း ကွယ်လွန်ခြင်းနှင့် ပတ်သက်ကာ လက်ရှိ ဝန်ကြီးချုပ် မာရီယာနိုက ကြီးမြတ်သော နိုင်ငံရေးသမား သေဆုံးမှုအဖြစ် ကြေကွဲဝမ်းနည်းစကားဆိုကာ ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေရင်းချာများအတွက် ဝမ်းနည်းကြောင်း တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

Mizzima

No comments:

Post a Comment