Latest News

Saturday, April 29, 2017

လာမယ်...ကြာမယ်....(၂) မုန်တိုင်းလေးနဲ့အတူ

လာမယ်...ကြာမယ်....(၂)
မုန်တိုင်းလေးနဲ့အတူ
၃၀-၄-၂၀၁၇
နံနက်(၁၀း၀၄)နာရီ

ယခုနှစ်အတွက် မုတ်သုံလေ၀င်ရောက်နိုင်မှုတွေကို သုံးသပ်ကြည်ကတဲ့အခါ
နောက်ကျဦးမှာပဲလို့ ခန့်မှန်းရပါတယ်။ မိုးရွာသွန်းမှု မေလအလယ်အထိ လျော့နည်းနေတာရယ်၊ မုန်တိုင်းဖြစ်ဖို့လျော့နည်းနေတာတွေဟာ မုတ်သုံအ၀င်နောက်ကျနျွှိုငတယ်ဆိုတဲ့အချက်တွေက အချို့ဆိုပါတော့။ မေလကုန်အထိ အင်ဒိုနီးရှားဖက်မှာ မိုးမကောင်းတာကလည်း ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံရတဲ့ တပ်ဦးလို မုတ်သုံအ၀င် ရှေ့တက်ဖို့ အားနည်းနိုင်တာကိုပြသနေပါတယ်။

ခန့်မှန်းတာကတော့
မြန်မာနိုင်ငံတောင်ပိုင်းကို မေလ(၂၀)ရက်ခန့်
မြစ်ဝကျွန်းပေါ်ဒေသကို မေလ(၂၅)ရက်ခန့်
မြန်မာနိုင်ငံအလယ်ပိုင်းနဲ့မြောက်ပိုင်းကို ဇွန်လ(၁)ရက်ခန့်မှာ ၀င်ရောက်နိုင်တယ်လို့ခန့်မှန်းရကြောင်းပါ။

အ၀င်မှာအားချိနဲ့နေတဲ့မုတ်သုံကို မေလတတိယပတ်မှာဖြစ်လာမယ့်မုန်တိုင်းက ဗွက်နစ်နေတဲ့ကားကြီးကို ရှေ့တိုးလာနိုင်အောင် မုန်တိုင်းက အကူကားနဲ့ဆွဲပေးသလို ဆွဲပေးရမယ့်သဘောပဲဗျ။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment