Latest News

Sunday, April 16, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား


နေပြည်တော် ဧပြီ ၁၇

ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား
မြန်မာ့နှစ်သစ်ကူးအခါသမယမှာ     မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေ၊ မြန်မာ့နှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ် သန်းနိုင်ကြပါစေလို့    အမျိုးသားလွှတ်တော်ကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
နှစ်ဟောင်းမှသည် နှစ်သစ်သို့ ကူးပြောင်းရာတွင် မိမိတို့ နှစ်ဟောင်းမှာ   လုပ်ဆောင်ခဲ့သည့်  ကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ် နှလုံးသွင်းရင်း နှစ်ဟောင်း၏ အဟောင်း အညစ်များကို စွန့်ပယ်ကာ နှစ်သစ်တွင် လုပ်ဆောင်ဖွယ်ရာ ကိစ္စရပ်များကို စိတ်ရင်းစေတနာမှန်၊ ဆန္ဒမှန်ဖြင့် သဒ္ဓါ တရားလက်ကိုင်ထားကာ ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် လုပ်ဆောင်သွားကြဖို့ပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ တူညီသော ဆန္ဒ ဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် မေတ္တာနှင့် ယှဉ် သည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တိုင်းရင်းသား ပြည်သူများ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် အတူတကွ ပူးပေါင်းပါဝင်   လက်တွဲတည်ဆောက်သွားကြဖို့   နှစ်သစ် အခါသမယမှာ အထူးတိုက်တွန်းပြောကြားလိုပါတယ်။
ပြည်သူ့ကိုယ်စားလှယ်များဖြစ်တဲ့ ကျွန်တော်တို့ဟာ လည်း ပြည်သူလူထုအကျိုးကို ဖော်ဆောင်ရာမှာ''ပြည်သူ့ အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ တို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်''ဆိုသည့် လွှတ်တော်ဆောင်ပုဒ်အတိုင်း ပြည်သူ့အတွက်အကောင်းမွန် ဆုံး ပိုမိုဖြည့်ဆည်းပေးနိုင်ရေးကို အစွမ်းကုန် ကြိုးစားဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားလိုပါတယ်။
တိုင်းရင်းသား  မိဘပြည်သူ  ညီအစ်ကိုမောင်နှမများ ယခုနှစ်သစ်မှစ၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ သာယာ ချမ်းမြေ့သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ၊ နှစ်သစ်မှာ ဆောင် ရွက်ဖွယ်ရာကိစ္စရပ်များတွင် ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်တဲ့ ဂါရဝစိတ်ထားဖြင့် အစဉ် နှလုံးသွင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။ပြန်/ဆက်

No comments:

Post a Comment