Latest News

Friday, April 21, 2017

ဧပြီ ၂ဝ ရက်က ရေပူဂိတ်နှင့် မရမ်းချောင် စစ်ဆေးရေးဂိတ်တို့မှ တရားမဝင်ကုန်စည် ခန့်မှန်းတန်ဖိုးကျပ်သန်း ၂၆ဝ ကျော်ခန့် သိမ်းဆည်းနိုင်ခဲ့

ဧပြီ ၂ဝ ရက်က ရေပူဂိတ်နှင့် မရမ်းချောင် စစ်ဆေးရေးဂိတ်တို့မှ တရားမဝင်ကုန်စည် ခန့်မှန်းတန်ဖိုးကျပ်သန်း ၂၆ဝ ကျော်ခန့် သိမ်းဆည်းနိုင်ခဲ့


ရန်ကုန် ဧပြီ ၂၁

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်း ကုန်သွယ်မှုလမ်းကြောင်းတွင် ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်း ကုန်သွယ်မှုလမ်းကြောင်းတွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့မှ ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဧပြီ ၂ဝ ရက်က အဆိုပါ ဂိတ်စခန်းတို့မှ တရားမဝင်ကုန်သွယ် မှုများကို တားဆီးနိုင်ခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်း ၂၆ဝ ကျော်ခန့်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။

ဧပြီ ၂ဝ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၇၇ စီး၊ သွင်းကုန် ၃၇၅ စီးရှိခဲ့ပြီး မြဝတီ-ရန်ကုန် လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁ဝ စီး၊ သွင်းကုန် ၈၆ စီး ကုန်စည်များ သယ်ဆောင်ဖြတ်သန်းလျက်ရှိရာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် ကုန်သွယ်မှုများ တားဆီးမှု ၁၄ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၁၄၉ ဒသမ ၃၆၇၆ သန်းခန့်)နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွင် တားဆီးမှု ခုနစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၁၁၉ ဒသမ ၈၄၉ သန်းခန့်) စုစုပေါင်း ၂၁ မှု (ခန့်မှန်း တန်ဖိုး ကျပ် ၂၆၉ ဒသမ ၂၁၆၆ သန်းခန့်)သိမ်းဆည်းရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ယင်းသို့ တားဆီးသိမ်းဆည်းခဲ့ရာတွင် ထူးခြား သိမ်းဆည်းမှုအနေဖြင့် ကျိုက်ထိုမြို့ မိုင်တိုင်အမှတ် (၁၂၄) အနီး၌ ၁၂ ဘီးယာဉ် သုံးစီးအား မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းရရှိ၍ ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Beer Chang (330 ml)(1x24Can)(5250 Pkgs)၊ Cheers Beer (330 ml)(1x24 Can) (450 Pkgs) နှင့် သယ်ဆောင်လာသည့် ယာဉ်သုံးစီးအပါအဝင် စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၁၁၉ သန်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။ ပြန်/ဆက်

No comments:

Post a Comment