Latest News

Saturday, April 29, 2017

နောက်ဆုံးရ သတင်း- အမျိုးသားရေးအစွန်းရောက် ဆူပူသောင်းကျန်းသူများက ရန်ကုန်မြို့ရှိ အစ္စလာမ်စာသင်ကျောင်း နှစ်ကျောင်းအား ချိပ်ပိတ်

နောက်ဆုံးရ သတင်း- အမျိုးသားရေးအစွန်းရောက် ဆူပူသောင်းကျန်းသူများက ရန်ကုန်မြို့ရှိ အစ္စလာမ်စာသင်ကျောင်း နှစ်ကျောင်းအား ချိပ်ပိတ်

ရန်ကုန်- ရန်ကုန်မြို့လယ်ခေါင်နှင့် အနီးဆုံးနေရာမှာ ရှိနေတဲ့ မဒရဆာကျောင်း (အစ္စလာမ် ဘာသာရေး စာသင်ကျောင်း) နှစ်ကျောင်းကို ဗုဒ္ဓဘာသာ အမျိုးသားရေးအစွန်းရောက်ဝါဒီ  အုပ်စုတစ်စုက သောကြာနေ့ ညနေပိုင်းမှာ လာရောက်ကာ စာသင် ကျောင်းတွေကို ဗလီဝတ်ပြုမှု့တွေ လုပ်နေတယ်လို့ စွပ်စွဲပြီး တရားဝင် ခွင့်ပြုချက်မရှိပဲနဲ့ ချိတ်ပိတ်လိုက်ပါတယ်။

အခုလို ဘာသာရေးအဆောက်အအုံတွေကို လာရောက်ချိတ်ပိတ်တာဟာ တရားရုံးအမိန့်မပါပဲ ချိတ်ပိတ်လိုက်တာလို့ သာကေတ အနော်မာ ၁၁-လမ်းနဲ့ ၁၂-လမ်းမှာ နေထိုင်ကြသူတွေအပါအ၀င် အဲဒီရပ်ကွက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေ က ပြောဆိုကြပါတယ်။ လူ ငါးဆယ်လောက်ရှိတဲ့ ဆူပူသောင်းကျန်းလိုတဲ့ လူအုပ်ကြီး ဟာ မဒရဆာကျောင်းတွေကို သောခတ်စဉ်မှာ ရဲနဲ့ အစိုးရ အာဏာပိုင်တွေက ငါတို့ ဘက်မှာ ရှိတယ်လို့ ကြွေးကြော်ခဲ့ကြပါသေးတယ်။

သောကြာနေ့နှောင်းပိုင်းမှာ အဲဒီ ရပ်ကွက်ကို လူအုပ်ကြီး ၀ိုင်းလာပြီးနောက် အဆောက်အဦးတွေကို သောခတ်လိုက်စဉ် မှာ ရုန်းရင်းဆန်ခတ်မှု့တွေ ဖြစ်ပွားခဲ့ပါသေးတယ်။ အေပီသတင်းဌာနက ဓာတ်ပုံသတင်းထောက် ကိုမင်းကြည်သိန်းဟာ အခင်း ဖြစ် အနေထားကို ရိုက်ကူးနေစဉ်မှာ အမျိုးသားရေးအင်အားစုတွေရဲ့ ၀ိုင်းဝန်းရိုက်နှက်ခြင်းကို ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

သတင်းပို့စဉ်အတွင်း၊ အဆောက်အဦးတွေကို ချိတ်ပိတ်ရာမှာ ရဲများက သတင်းထောက်တွေကို အဆောက်အဦးနဲ့ အနီး နားပတ်ဝန်းကျင်တွေကို ၀င်ခွင့်မပေးခဲ့ပါဘူး။ နောက်ထပ် ပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို မလိုလားတဲ့အတွက် လို့ အကြောင်း ပြချက်ပေးပါတယ်။ ဒါပေမဲ့လို့ တစ်ခြားတစိမ်းတွေတော့ ၀င်ခွင့်ပေးခဲ့ပုံရပါတယ်။ မဒရာဆာကို သွားတဲ့ လမ်းမှန်သမျှကို လုံခြုံရေးရဲတွေနဲ့ ပိတ်ဆို့ချထားလိုက်ပီး အခင်းဖြစ်နေရာမှာတင် ရဲတစ်ရာကျော်လောက် ရောက်ရှိနေ ပါတယ်။

သာကေတ အန်အလ်ဒီ လွှတ်တော်အမတ် ဒေါက်တာ ဝေဖြိုးအောင်လည်း အခင်းဖြစ်နေရာမှာ ရှိနေပါတယ်။ လက်ရှိ အခြေနေနဲ့ ပတ်သတ်ပြီး ပြောကြားချင်ပုံ မရပါဘူး။ သိပ်မကြာခင်မှာ တရားဝင်ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာ မယ်လို့ ပြောကြားခဲ့ပေမဲ့ ဘယ်အချိန်လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။

အဲဒီ ရပ်ကွက်မှာ ဗလီကြီးတစ်လုံးနဲ့ မဒရဆာ သုံးလုံး ရှိပြီး အဲဒီထဲမှ နှစ်လုံးဟာ သောကြာနေ့မှ ချိတ်ပိတ် ခံလိုက်ရ ပါ တယ်။ ရပ်ကွက်နေ မွတ်စလင်များက ပြောကြားရာမှာတော့ ကျန်ရှိနေသေးတဲ့ မဒရဆာနဲ့ ဗလီကိုလည်း မကြာမီ အချိန် အတွင်း အမျိုးသားရေး ၀ါဒီသမားတွေက လာရောက်ချိတ်ပိတ်မှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ပြောကြားပါတယ်။

ကိုယ်တိုင်ကိုယ်ကျ သတင်းသွားရောက်ယူခဲ့တဲ့ ဧရာဝတီသတင်းထောက်လည်း အမျိုးသားရေး ၀ါဒီသမားတွေဆီက သဘောထားမှတ်ချက် ရယူဖို့ လိုက်လံကြိုးစားကြည့်တဲ့အခါ၊ ခြိမ်းခြောက်ခံလိုက်ရပြီးနောက် အတင်းအကြပ် မောင်း ထုတ်ခြင်း ခံလိုက်ရပါတယ်။

ဒေသခံ မွတ်စလင်တစ်ယောက်ဖြစ်တဲ့ မောင်လှဝင်းကတော့ “ကျနော်တို့လမ်းထဲမှာလည်း ဗုဒ္ဓဘာသာဝင်တွေ နေထိုင်ကြ တာပဲ၊ ကျနော်တို့ကလည်း သူတို့ကို လက်ခံသလို ကျနော်တို့ကိုလည်း သူတို့က လက်ခံတာပဲ။ ဘာပြဿနာမှ မရှိဘူး” လို့ ပြောခဲ့ပါတယ်။

“ဒါပေမဲ့ (ဒီကနေ့) ဒီကို ရောက်လာတဲ့သူတွေကတော့ သူတို့ လုပ်ချင်ရာ လုပ်တော့တာပဲ” လို့ ပြောခဲ့ပါတယ်။

နောက်ထပ် မွတ်စလင်တစ်ယောက်ဖြစ်တဲ့ ကိုရဲကျော်ကတော့ အဲဒီအမျိုးသားရေး အင်အားစုတွေက နေ့လည် နှစ်နာရီလောက်က စပြီးရောက်ချလာတော့တာပဲ လို့ ပြောတယ်။

“ကျနော်တို့က သူတို့ကို အကြမ်းမဖက်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အကြမ်းဖက်လိုက်ရင် ကျနော်တို့ ပြန်ပြီး အကြမ်းဖက်ခံ သွားရနိုင်တယ်” လို့ သူက ရှင်းပြခဲ့ပါတယ်။

အဲဒီ ဒေသမှာ ရှိနေတဲ့မွတ်စလင်တွေကို ဧပြီလအလယ်၊ သင်္ကြန်အပီးလောက်မှာ ဘာသာရေး စာသင်ကျောင်းတွေကို ပိတ်ပစ်ဖို့ ကြိုတင်အကြောင်းထားတယ်လို့ ဧရာဝတီ သတင်းဌာနကို ပြောပေမဲ့ ဒီလို ပြောကြားချက်ကို မှန်မမှန် စီစစ် အတည်ပြုလို့ မရခဲ့ပါဘူး။

Breaking: Nationalist Mob Closes Two Islamic Schools in Rangoon ကို ဘာသာပြန်ဆိုထားပါသည်။

Irrawaddy News

Ye K Htwe

No comments:

Post a Comment