Latest News

Friday, April 28, 2017

မြ၀တီ - ကော့ကရိတ်အာရှလမ်းသစ်တွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲသို့ထိုးကျ ၁၉ ဦး သေဆုံး

မြ၀တီ - ကော့ကရိတ်အာရှလမ်းသစ်တွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲသို့ထိုးကျ ၁၉ ဦး သေဆုံး


မြ၀တီ ဧပြီ ၂၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် သင်္ကန်းညီနောင်ကျေးရွာအုပ်စု၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းသစ် ရင်ကွဲတောင်ကုန်းဆင်းနေရာတွင် ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀နာရီ ၄၅မိနစ်အချိန် ခန့်က ကော့ကရိတ်မြို့ဘက်မှ မြ၀တီမြို့ဘက်သို့ မောင်းနှင် လာသော ဇရပ်ကြီး-ဖြူး-တောင်ငူ-မြ၀တီ ပြေးဆွဲနေသည့် ကပေါ်ထူးယာဉ်လိုင်းမှ ယာဉ်မောင်းအောင်နိုင်စိုး မောင်းနှင်လာသည့် ခြောက်ဘီးမှန်လုံယာဉ်အမှတ် 9B/----- သည် ကုန်းဆင်းလမ်းကွေ့နေရာ၌ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ခန့်မှန်းအနက် ပေ တစ်ရာခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း  သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၄၀ ဦးအနက် ယာဉ်မောင်း အောင်နိုင်စိုးပါ ကျား(၈)ဦး၊ မ(၁၁)ဦး စုစုပေါင်း ၁၉ ဦးသေဆုံးပြီး ကျား ၁၅ ဦး၊ မ ၆ ဦး စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာ  ရရှိသဖြင့် မြ၀တီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးရုံအုပ်ကြီးဒေါက်တာ ဒေါ်သီတာစိုးနှင့်အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ပြုစုကုသပေးလျက်ရှိကြောင်းနှင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ကန်းညီနောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment